Page - 12

2.7K 317 12
                                    

TaeYeon ခေါင်းထဲ မိုက်ခနဲဖြစ်သွားတာ။ ဘာလို့လဲတော့ ဘယ်သိမလဲ။ အကြောင်းပြချက်တွေရှာနေရင် ပိုဆိုးလာမှာပဲပေါ့။ ဒါပေမယ့် သိချင်တာတစ်ခုကိုတော့ Tiffany ကို သူမ မေးလိုက်တယ်။

"ကျွန်မကို ရှင် အပျော်သဘောပဲ ထားပေးနိုင်တာမဟုတ်လား Tiff?"

TaeYeon မေးတော့ Tiffany က ငြိမ်ကျသွားတယ်။ ပြီးတော့ ဘာမှမပြောပဲ သူ့လက်ကိုင်အိတ်ကိုယူပြီး ကြိုးရှည်ကိုတပ်နေတယ်။

"မဟုတ်ပါဘူး Runo တို့က မင်းထင်တာထပ် အများကြီးလေးနက်ပါတယ် မယုံနိုင်တာက မင်းအပိုင်းပါပဲ။ အဲ့အတွက် တို့ဘာကိုမှ မဖြေပြချင်ဘူး။ ဝါသနာလဲမပါဘူး။ လုပ်ဖို့လဲမလိုဘူးလို့ထင်တယ်"

TaeYeon အဲ့အခိုက်အတန့်မှာ သဘောပေါက်သွားတာတစ်ခုက Tiffany နဲ့ပတ်သတ်လို့ အရာရာကို အတွေးမလွန်စေဖို့ပဲဖြစ်တယ်။ သူမကိုယ်တိုင်တောင် ဒီအရာဟာ အချစ်ဆိုတာသေချာရဲ့လားမသိခင်မှာပဲ သူ့ကို ချစ်တယ်လို့ စောက်ပိုတွေပြောလိုက်မိပြီလေ။

🌻

Runo နဲ့ Tiff ရဲ့ ပြဿနာဟာ အရာရာကို ဘောင်ထဲသွင်းပြီးတွေးတဲ့သူနဲ့ ဘောင်ထဲမဝင်ချင်သူနှစ်ဦး ဖြစ်နေတာပဲ။ ဘယ်သူက ဘာဆိုတာတော့ သေချာသိဖို့ ခက်ခဲသေးတယ်။

အဲ့လိုနဲ့ လက်ထပ်ဖို့ကိစ္စ ပြတ်တောက်သွားရော။ ဒါပေမယ့် Tiffany ကတော့သူ့အပြုံးတွေကို နှုတ်ခမ်းမှာ ချိတ်ဆွဲထားတုန်း။ TaeYeon ကတော့ သူမရဲ့ပုံစံအတိုင်း နှုတ်ခမ်းကိုစေ့ပြီး စာအုပ်ကိုရှေ့ချလို့ Camera ထဲကပုံတွေပြန်ကြည့်နေလိုက်တယ်။ ထူးဆန်းတာတစ်ခုက Tiffany ဟာ ဘယ်ကိုရောက်နေနေ TaeYeon ကို ငေးနေဖို့လောက်ပဲ စိတ်ထဲရှိပုံပေါ်တယ်။

"အအေးသောက်ပါ ရှင်သောက်ချင်တယ်ဆိုလို့ ကျွန်မတို့လာထိုင်နေတာလေ။ ကျွန်မ လမ်းလျှောက်ချင်နေပြီ"

"မင်းပါးမှာ မှဲ့ကလေးပဲ"

စားပွဲခုံက ခပ်သေးသေးမို့ TaeYeon ဘယ်ဘက်ပါးကိုလှမ်းကိုင်လိုက်ဖို့ထိ Tiffany လက်တွေကလဲ ရှည်လျားနေခဲ့တယ်။ လက်မနဲ့ ပွတ်သပ်ပြီး Tiffany ကဆက်ပြောတယ်။

"အမှတ်အသားလေးတွေရှိနေတာကောင်းတယ်"

"ဟုတ်ကဲ့ ကျွန်မလဲအဲ့လိုပဲထင်ပါတယ်"

• A Poem Titled "You" •Unde poveștirile trăiesc. Descoperă acum