TaeYeon အံ့ဩသွားပေမယ့် အရမ်းတော့ဟုတ်မနေတာ ပိုထူးဆန်းတယ်။ Tiff က .. Tiff က စေ့စပ်ထားတာ။ ဒါ သူမအပေါ် ဘယ်လိုသက်ရောက်နိုင်တာလဲ။ အနာဂတ်တစ်ခု တိတိကျကျရှိနေတဲ့မိန်းမတစ်ယောက်ကို TaeYeon ဘယ်လိုဆက်ပြီး တန်ဖိုးထားနိုင်မလဲ။
"မင်းအဆင်ပြေရဲ့လား"
Tiffany ကမေးလာသည်။ ဒီအခြေအနေမှာ ဒီမေးခွန်းကိုသူဘာကြောင့်မေးသလဲ ၊ ဘယ်လိုစိတ်နဲ့မေးသလဲ သူမ မသိပါ။
"အဆင်မပြေဘူးလို့ပြောတာကို ရှင်ကြားချင်တာလား?"
ခပ်တိုးတိုးမေးတော့ Tiffany က ခေါင်းခါတယ်။
"တို့ မင်းကို .. အဆင်ပြေစေချင်ရုံပါ"
လမ်းမပေါ်မှာ လူတွေရှင်းကုန်ပြီ။ ပလက်ဖောင်းပေါ်ကနေပဲ TaeYeon လျှောက်သွားလိုက်တယ်။ အနောက်ကနေ သူပါလာသည်။ ဘာစကားမှလဲထပ်မပြောကြတော့ပဲ သူမကအရှေ့မှလျှောက်၍ Tiffany က အနောက်မှလိုက်လာသည်။
ဘောင်းဘီအိတ်ထဲထည့်ထားတဲ့ ဖုန်းက စာဝင်လာကြောင်းအချက်ပြတော့ TaeYeon ဖွင့်ဖတ်လိုက်တယ်။ အမေက Amsterdam ကိုရောက်နေကြောင်း အသိပေးတာဖြစ်ပြီး TaeYeon ဘယ်ကိုရောက်နေနေ သူ့ဆီလာခဲ့ဖို့ပြောထားခြင်းလဲဖြစ်သည်။ ကိုယ့်သမီးဘယ်ရောက်နေလဲတောင်မသိခဲ့ပဲနဲ့။
"Runo"
အနောက်နားကအသံကိုအကြား TaeYeon ဟာ သူ့ခေါ်သံကိုတောက်လျှောက်မျှော်နေခဲ့သူအလား ဆတ်ခနဲလှည့်ကြည့်လိုက်မိတယ်။
"တို့ကိုစိတ်မဆိုးဘူးလား"
အနားကိုသူရောက်လာတဲ့ထိ TaeYeon ရပ်ပြီးစောင့်နေပေးလိုက်တယ်။ အနားကိုရောက်တော့ သူက TaeYeon လက်တစ်ဖက်ကိုလှမ်းကာဆုပ်ကိုင်ရင်း မေးတယ်။ စိတ်မဆိုးဘူးလားတဲ့။ ဘယ်လိုဖြေရပါ့။
"စိတ်ဆိုးခွင့်မှမရှိပဲ tiff .. အတိတ်မှာ ကျွန်မ ရှင့်အနားမှာရှိခဲ့မယ်ဆို ရှင့်အနာဂတ်ပန်းတိုင်မှာ ကျွန်မ ပါမှာပဲလေ။ အခု မပါတာမဆန်းပါဘူး"
TaeYeon အဲ့လိုပြန်ဖြေတော့ Tiffany က လက်ကိုလွှတ်ချသွားတယ်။
"မင်း တို့ကို တကယ်သဘောမပေါက်ဘူးပဲ"
"ရှင်ကဘာတွေများကျွန်မကိုသိစေချင်နေတာလဲ!!! ဟင်?? ရုတ်တရက်ကြီးအသိပေးပြီးမှ ဘာတွေများသိစေချင်တာလဲလို့!! ကျွန်မနဲ့အတူ အိပ်ပြီးမှလေ?"
YOU ARE READING
• A Poem Titled "You" •
Fanfictionရှင်က ကဗျာခေါင်းစဉ်ဖြစ်နေသ၍ ကျွန်မစိတ်နဲ့ခန္ဓာက ဒီစာသားတွေထဲ ကပ်တွယ်နေမှာ ...