မနေ့က ကားဂိတ်မှာ ညနက်တဲ့ထိ သူမနဲ့ Tiff တို့ ထိုင်နေဖြစ်ကြတယ်။ Tiff ရင်ခွင်ထပ်နွေးတာမျိုး TaeYeon မှာမရှိတော့ပါဘူး။ ဘယ်လောက်ပဲ အနေအေးတယ်ဆိုဆို အသက်အရွယ်ကွာဟမှုကြောင့်ပဲလားမသိ သူမ Tiff ကို သိပ်ချွဲချင်နေတာ မနေ့ကမှ ဘူးပေါ်သလိုပေါ်သွားတော့တာပဲ။
"နိုးနေပြီလား ကလေးငယ်"
"အင်း ဟုတ်"
အိပ်ချင်မူးတူးအသံနဲ့ဖြေပြလိုက်ပေမယ့် တကယ်တော့ TaeYeon နိုးနေတာ လွန်ခဲ့တဲ့နှစ်နာရီတည်းက။ ကဗျာထိုင်ရေးနေတာမို့ သူလဲမထသေးဘူးအထင်နှင့် ဖုန်းမဆက်မိ။ သူကတော့အခုမှနိုးတဲ့ပုံရယ်ပါ။ ကလေးတစ်ယောက်လို အပျင်းကြောဆန့်ရင်းမေးလာတဲ့ နိုးနေပြီလားဆိုတဲ့ အသံဟာ ကလေးငယ်ဆိုတဲ့နာမ်စားကို ပိုမိုပြီးပြည့်စုံစေသည်။
"ကျွန်မဆီလာမှာလားဟင် ဒီနေ့"
အရှေ့မှာချထားတဲ့ စာအုပ်ကို ကုတင်ဘေးကစားပွဲပေါ်လှမ်းတင်ရင်း TaeYeon မေးလိုက်တယ်။
"လာမှာပေါ့ ရေအရင်ချိုးလိုက်ဦးမယ်လေ ..
"......."
" နော် .. Runo"
TaeYeon ဘာမှပြန်မပြောတော့ သူက ထပ်ပြောတယ်။
"ဟုတ်ကဲ့"
"ဘယ်မှာတွေ့ကြမလဲ အိမ်မှာက အမေရော သူ့ယောက်ျားရောရှိတယ်"
TaeYeon မေးတော့ သူ့ဘက်က တုံ့ပြန်မှုမရှိ။ ခဏလောက်စောင့်နေပြီးမှ သူ့ဘက်ကဖြေသံကိုကြားရသည်။
"တို့ မင်းအမေနဲ့တွေ့ချင်တယ်။ ရနိုင်မလား"
ရင်ထဲ လှပ်ခနဲတော့ဖြစ်သွားသည်။ သူမ စိုးရိမ်တာ အမေက သူ့ကို အမူအရာကောင်းတွေနဲ့ တုံ့ပြန်ပါ့မလား။ အပေါင်းအသင်းမရှိတဲ့ TaeYeon ဟာ တက္ကသိုလ်ကဆရာမတစ်ယောက်နဲ့ခင်နေတယ်လို့ပြောရင် ယုံပါ့မလား။
"ရပါတယ် Tiff ရဲ့ ဒါပေမယ့် ..
"Okok ဒီနေ့တော့အပြင်မှာပဲဆုံမယ်။ မင်းရဲ့ ဒါပေမယ့်ဆိုတာက တစ်ခုခုကိုခက်ခဲနေလို့ပါလာတာလို့ တို့ထင်လို့။ စိတ်ထဲမထားနဲ့တော့နော်။ တို့အခု ရေချိုးပြီးထွက်လာမယ် မင်းအိမ်ရှေ့ကိုလာကြိုမယ် အဆင်သင့်လုပ်ထား"
YOU ARE READING
• A Poem Titled "You" •
Fanfictionရှင်က ကဗျာခေါင်းစဉ်ဖြစ်နေသ၍ ကျွန်မစိတ်နဲ့ခန္ဓာက ဒီစာသားတွေထဲ ကပ်တွယ်နေမှာ ...