Page - 26

1.9K 278 5
                                    

ဒီအပိုင်းက တိုတိုလေးပါ။ ကြိုပြောပါတယ်နော်။ တိုတိုလေးပါ။ ပြောရက်နဲ့ တိုလိုက်တာဘာညာ ment လာရင် ဟန်အကြီးကြီးစိတ်ဆိုးပါမယ် : ) စာမေးပွဲတွေလဲမဖြေရ အိမ်မှာပဲနားကြကြေးဆိုတော့ ဟန်လဲ တတ်နိုင်သလောက် စာပဲရေးဖို့ကြိုးစားပါ့မယ်။ အကုန်ကျန်းမာရေးဂရုစိုက်ပါ 💛

🌻✨

ဗလာဖြစ်သွားတဲ့စိတ်ကို ဦးနှောက်ကအများကြီးကူကယ်နေရတယ်။ ဖြေရှင်းဖို့စီစဉ်ထားတဲ့ပြဿနာဟာ ဤမျှထိကြီးမားနေခဲ့မှန်း Tiffany မသိ။

"နေဦး ... Kim TaeYeon ငါပြောနေတယ် နေဦးလို့ !!!!"

ထွက်သွားဖို့ပြင်နေတဲ့သူ့ကို အနောက်ကနေဆောင့်ဆွဲပြီး Tiffany ခပ်ကြမ်းကြမ်းခေါ်လိုက်သည်။ လူကို သည်လိုထားခဲ့လို့ရမလား .. အရူးတစ်ယောက်လိုကျန်နေခဲ့ရမယ်တဲ့လား။

"အကြောင်းပြချက်ပေးစမ်းငါ့ကို"

ခြံတံခါးနားမှာရပ်ပြီး ခပ်မာမာလေသံနဲ့ပဲမေးတော့ အချုပ်ခံထားရတဲ့လက်ဖဝါးတွေကိုအတင်းဖြုတ်ချပြီး Runo က ဖြေတယ်။

"ကျွန်မမသိဘူး။ ကျွန်မသိတာ ရှင်နဲ့အတူရှိနေရင် ကျွန်မကိုယ်ကျွန်မဆုံးရှုံးသွားတယ်။ ဒီခံစားချက်ကိုမုန်းလို့"

"မင်းဘာလို့ ...

Tiffany ခေါင်းထဲမိုက်ခနဲဖြစ်သွားတယ်။ ဘုရားရေ ... ကလေးငယ်ဟာ သူမကိုချစ်နေရတဲ့ခံစားချက်ကိုမုန်းတီးနေတာပါလား။ သူ့အချစ်တွေ Tiffany ကိုပေးထားရတဲ့ခံစားချက်က လိပ်ပြာတစ်ကောင် လေထဲလူးလွန့်နေသလို လွတ်လပ်ပျော်ရွှင်နေရမယ့်အစား သူကတော့မွန်းကျပ်နေခဲ့တာပါတဲ့လား။

အနောက်ကို ခြေနှစ်လှမ်းလောက် အလိုလိုဆုတ်မိသွားတယ်။ ဆုပ်လဲစူး စားလဲရူးဆိုတဲ့ဖြစ်တည်မှုမျိုးနဲ့ Tiffany က TaeYeon အတွက်ဖြစ်တည်နေတာပဲ။ သူမဘာလုပ်ရမလဲ။ ဘယ်လိုဖြေရှင်းလိုက်ရင် ... သူမရဲ့ ကဗျာငယ်လေး စိတ်တွေသက်သာနိုင်မလဲ။

"Runo ...

"ရှင်သိလား ကျွန်မအကြောက်ဆုံးကအဲ့ခေါ်သံပဲ။ ကျွန်မဘဝက ဘာမှမရှိခဲ့ပါဘူး ဘာမှလဲမလိုချင်ခဲ့ဘူး။ ရှင်နဲ့တွေ့မှ ပျော်ရွှင်မှုကို နာကျင်စရာကြိုးတွေနဲ့ချည်ပြီး ရှင်ကျွန်မကို အထုပ်လိုက်အထည်လိုက်ချပေးခဲ့တာ။ Kim TaeYeon နင်ချစ်စမ်း .. Kim TaeYeon နင်နာကျင်လိုက်စမ်းဆိုတဲ့ ခံစားချက်မျိုးကို တစ်နာရီမှာ မိနစ်ငါးဆယ်လောက်ရနေတယ်။ ရှင်ကျတော့ ... ရှင်ကျတော့ လွတ်လပ်နေလိုက်တာ ... ရှင့်အတွေးတွေနဲ့ ရှင်ပေါ့ပါးနေလိုက်တာ။ ဘယ်အရာမဆို ရှင်ဖြေရှင်းတတ်လိုက်တာ။ ကျွန်မကတော့အဲ့လိုမဟုတ်ဘူးလေ Tiffany ... ကျွန်မ ရှင့်ဖြေရှင်းမှုတွေနောက် ပေါ့ပေါ့ပါးပါး ပါလာနိုင်မယ်ထင်နေတာလား။ ကျွန်မသိမ်ငယ်ရတယ် ပင်ပန်းရတယ် .. ရှင့်သူငယ်ချင်းနဲ့တွေ့အခါအဆိုးဆုံးပဲ Tiffany ရယ် ကျွန်မရူးသွားမိတော့မယ်ရှင်သိရဲ့လား"

မင်းနာကျင်မှုဟာ ငါ့ငရဲပဲပေါ့လို့ပြောလိုက်ရင် သူယုံနိုင်လား။ ဒီလိုတွေခံစားနေခဲ့ရတာကို ဘာကြောင့် သူမ မမြင်နိုင်ခဲ့တာပါလဲ။ Tiffany ရဲ့ဖြစ်တည်မှုကိုသူချစ်ပြီး အဲ့ဖြစ်တည်မှုကြောင့် တစ်ပြိုင်နက်တည်း စိတ်အနှောင့်အယှက်ဖြစ်နေခဲ့သည်ပဲ။ ဟင့်အင်း .. အပြစ်မမြင်ရက်ပါ။ ဒီကလေးငယ်ကို သူမ မည်မျှတောင်မြတ်နိုးလိုက်ရသည်လဲ။ သူရူးမတတ်ရှုပ်ထွေးနေတဲ့စိတ်တွေကို Tiffany ကူရှင်းပေးလို့မရသည့်တိုင် လုပ်နိုင်တာတစ်ခုခုတော့ရှိရမည်။

"မင်းစိတ်တိုင်းကျဖြစ်စေရမယ်။ တို့ဖြစ်တည်မှုဟာ ဒီလောက်ထိမင်းကိုနာကျင်စေခဲ့သိရလို့ တို့သိပ်ကိုကြေကွဲရပါတယ်။ မင်းပြောသလိုတော့ တို့လက်မထပ်နိုင်ဘူး။ ဘာလို့ဆို ဒါကတို့အနာဂတ်လေ တို့ဆုံးဖြတ်ချက်။ ဒါပေမယ့် မင်းနဲ့အနီးမှာ တို့မနေပါဘူး။ မင်းကိုဘာမှမထိခိုက်စေရဘူး။ မင်းမှာ ချစ်တဲ့စိတ်နဲ့မုန်းတဲ့စိတ် လွန်ဆွဲနေတာ .. တို့မင်းကို မချုပ်နှောင်ခဲ့ပေမယ့် လွတ်မြောက်ပါစေလို့ဆုတောင်းပေးတယ် Runo .. နောက်ပြီး ... တို့ကို .. နောက်ဆုံးတစ်ခါလောက်ဖက်ခွင့်ပေးပါ .. နောက်ဆုံးတစ်ခေါက်ပါပဲ"

🌻

ဒါက အဆုံးသတ်လဲဖြစ်သွားနိုင်တယ်။
နောက်ကဗျာစာတစ်ပိုဒ်စဖို့ အပေါ်အပိုဒ်ကို ပုဒ်မချလိုက်တာလဲဖြစ်နိုင်တယ်။ သေချာတာတစ်ခုကတော့ ဒီကဗျာစာပိုဒ်က ပြီးသွားပြီ။

TBC......🕊
25 March 2020

• A Poem Titled "You" •Where stories live. Discover now