"မင်းနှုတ်ခမ်းအပေါ်နားမှာလဲ ချွေးစတွေ"
စာရွက်အဖြူပေါ်ကို ဆေးအနက်တွေသွန်ချလိုက်သလိုပဲ.. ဖြတ်ခနဲပြောင်းလဲသွားတဲ့ ဦးတည်ရာတွေနဲ့အတူ TaeYeon ရဲ့ စိတ်အလိုမကျမှုတွေတိုးဝင်လာတာမနည်း။ Tiffany က သူ့လက်မနဲ့ TaeYeon နှုတ်ခမ်းအပေါ်နားက ချွေးစအနည်းငယ်ကိုသုတ်ပေးတယ်။
"ပြန်ပြီ"
သူ့လက်ကို ရိုက်ချပြီး သူ့ပေါင်ပေါ်ကမိမိအိတ်ကိုပါ ခပ်ကြမ်းကြမ်းဆွဲယူပြီး ပုခုံးပေါ်တင်ကာ ကျောင်းအပြင်ဘက်ကိုအမြန်လျှောက်လာလိုက်သည်။
ကျောင်းဆရာမတစ်ယောက်က သူမလိုချာတိတ်မဆီ အနောက်ကပြေးလိုက်လာမယ်လို့တော့ မထင်မိပါဘူး။
ကျောင်းအပေါက်ဝနားရောက်တော့ အရှေ့ကိုပိတ်ရပ်လာတဲ့ကားကြောင့် ဘုကြည့်ကြည့်ပြီး လမ်းကြောင်းပြောင်းလိုက်တယ်။ အနောက်နားမှာကျန်ခဲ့တဲ့ကားက အရှေ့ကိုဆက်မလာ။
"TaeYeon"
ခေါ်သံကြောင့်လှည့်ကြည့်လိုက်တော့ ကားမှန်ကိုချပြီး TaeYeon ကို ကြည့်နေတဲ့ Tiffany ..
"ပြောရှင့်"
ကားက တစ်လိမ့်ချင်း သူမဘေးကိုရောက်လာသည်။ ဘေးချင်းကပ်မိပြီဆိုမှ ကားစက်ကိုသတ်ပြီး သူက TaeYeon ကိုပြောလာတယ်။
"တို့လိုက်ပို့ပါရစေ"
"ရတယ် မလိုဘူး"
TaeYeon ပြောပြီးပြီးချင်းပဲ အရှေ့ကိုဆက်သွားတော့ သူက ကားကိုအရှေ့နားထိမောင်းပြီး ကားစက်သတ်ကာဆင်းလာသည်။ TaeYeon အရှေ့မှာပိတ်ရပ်နေတဲ့သူ့ကို ရှောင်ပြီး ပလက်ဖောင်းပေါ်မှာ အေးအေးဆေးဆေးလျှောက်သွားလိုက်တော့ အနောက်နားက ခပ်လွင်လွင်ရယ်သံတစ်ခုကိုကြားလိုက်ရသည်။
🌻
ကျောအနောက်နား ပလက်ဖောင်းပေါ်က ရယ်သံလွင်လွင်နဲ့
ကားတစ်စီးအနားကလေထုထဲမှာ အမည်မသိဓာတ်ငွေ့တစ်မျိုး ပျံ့နှံ့ရာကနေ ဒီကူးစက်ရောဂါ စတင်ခဲ့သည်✨
အိမ်ရဲ့ password ကို နှိပ်နေတဲ့ TaeYeon လက်ချောင်းတွေကို Tiffany က သေချာငေးနေတယ်။
YOU ARE READING
• A Poem Titled "You" •
同人小说ရှင်က ကဗျာခေါင်းစဉ်ဖြစ်နေသ၍ ကျွန်မစိတ်နဲ့ခန္ဓာက ဒီစာသားတွေထဲ ကပ်တွယ်နေမှာ ...