"ကလေးတွေက သဘောကျပါ့မလား Jin Tauk"
"ကိုယ်လဲမသိဘူးလေ မင်းပြောတဲ့အကြံအတိုင်း အထက်ရုံးကိုစာတင်ပေးလိုက်တာပဲ။ သဘောကျကြမှာပါ မင်းပြောကြည့် .. မင်းတို့ကျောင်းကနိုင်မလား ကိုယ်တို့ကျောင်းကနိုင်မလားဆိုတာ"
Jin Tauk က သူ့စားပွဲခုံနားအနည်းငယ်ကပ်ပြီး Tiffany ကို ခပ်ပြုံးပြုံးမေးတယ်။
"ကလေးကလားတွေ မဖြေချင်ပါဘူး။ ကျွန်မ ပြန်တော့မယ် အချိန်ဇယားတွေဆွဲရမှာဆိုတော့"
Tiffany ခုံကနေထပြီး ဘေးခုံမှာချထားတဲ့ လက်ကိုင်အိတ်ကိုယူတော့ Jin Tauk ကပါ လိုက်ထတယ်။
"ကိုယ်လိုက်ပို့ပေးမယ်လေ"
"ရပါတယ် ကျွန်မ bus နဲ့ပြန်မှာ"
Tiffany သူ့မျက်နှာကို စေ့စေ့ကြည့်ပြောတော့ Jin Tauk က မသက်မသာပုံစံနဲ့ခေါင်းငြိမ့်ပြတယ်။ ထိုအခါမှ Tiffany သူ့ကိုအားနာရမှန်းသိသွားတော့တယ်။
"Sorry ကျွန်မ ...
"မင်းကိုယ့်ကို တစ်ခုခုအားနာနေတယ်။ အရင်လို သက်တောင့်သက်သာမရှိသလိုပဲ Tiffany"
အကဲခတ်ကျွမ်းသူပီပီ Jin Tauk က အားမနာတမ်းပဲ အခြေအနေကိုထုတ်ပြောလာခဲ့သည်။ Tiffany ရှောင်သင့်လား။ ဒါမှမဟုတ် ..
"လိုက်ပို့လို့ရပါတယ်။ ကျွန်မခဏလောက်စိတ်ထွေသွားလို့ပါ"
ကျောင်းထဲကထွက်တော့ ကျောင်းသားအချို့က လှမ်းကြည့်ကြတယ်။ Tiffany မျက်ဝန်းတွေက တစ်ခုခုကိုရှာဖွေဖို့ကြိုးစားနေတာ Jin Tauk ပါ ရိပ်မိလာသည်။
"တစ်ယောက်ယောက်ကိုရှာနေတာလား"
ဘောင်းဘီအိတ်ထဲ လက်ထည့်ထားတဲ့ Jin Tauk က မေးလာသည်။ Tiffany ခေါင်းခါပြလိုက်တယ်။
"မသိပါဘူးကျွန်မလဲ"
ကားနားကိုအရောက် Jin Tauk က ကားတံခါးဖွင့်ပေးတယ်။ Tiffany သူ့ကိုကျေးဇူးတင်စကားပြောပြီး ကားထဲဝင်ဖို့ပြင်လိုက်တယ်။
"ကျွန်မအမေ သက်သာပြီမို့ ပြန်တက်မှာပါ"
Runo အသံ ...
ကားထဲ ခေါင်းဝင်ပြီးမှ Tiffany ချာခနဲပြန်ထွက်ပြီး လှည့်ကြည့်လိုက်မိတယ်။ Jin Tauk ကို သေချာကြည့်ပြီး စကားပြောနေတဲ့ သူမရဲ့ Runo ..
YOU ARE READING
• A Poem Titled "You" •
Fan fikciaရှင်က ကဗျာခေါင်းစဉ်ဖြစ်နေသ၍ ကျွန်မစိတ်နဲ့ခန္ဓာက ဒီစာသားတွေထဲ ကပ်တွယ်နေမှာ ...