"အမေ ကျွန်မကို ဘာလို့ဖျက်မချခဲ့တာလဲ"
"TaeYeon ငါ့ကိုဖုန်းထပ်မဆက်နဲ့လို့ပြောထားတယ်လေ"
"ဖြေစမ်းပါ အမေကျွန်မကိုဘာလို့မွေးခဲ့တာလဲလို့!!!!!!"
"ငါလူမသတ်ချင်လို့ပေါ့ Kim TaeYeon ရယ် ချစ်လွန်းလို့တော့မထင်နဲ့"
တီ.......
ပေါင်မုန့်စားထားပေမယ့် သူမဗိုက်မဝသေးဘူး။ အမေက ဖုန်းချလိုက်တယ်။ ဒီပုံစံအတိုင်းဆို သူ့ဆီကပိုက်ဆံကိုစောင့်နေလို့မဖြစ်ဘူး။ TaeYeon ဖြစ်ချင်ရာဖြစ် ထွက်သွားလိုက်မယ်။ ဟိုရောက်မှ အမေပိုက်ဆံလှမ်းပို့ပြီဆို အဆင်ပြေမှာပါ။ မပြေလဲ သုံးလေးရက်ပေါ့။
အင်္ကျီက ဘယ်နှစုံဆို လောက်မလဲ...
သတို့သားလောင်းနဲ့ဆိုပဲ ...
ခရီးကို နှစ်ယောက်တည်းသွားတာပေါ့..
ကိုယ့်ခရီးကိုပဲ အာရုံစိုက်မှဖြစ်မယ်။Luggage တောင်မယူပဲ ထုံးစံအတိုင်း ကျောပိုးအိတ်လေးထဲပဲထိုးကြိတ်ထည့်ပြီး လေဆိပ်ကိုထွက်လာလိုက်တယ်။ လက်ထဲမှာ ပိုက်ဆံက အနည်းငယ်တော့ဖူလုံရုံပေါ့။ ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းပြီး မျက်နှာပေးက သိပ်အချိုးမပြေတဲ့အကြည့်နဲ့သူမကို လေဆိပ်ထဲက အသက်ကြီးကြီးမိန်းမတွေက လှမ်းငေးသွားကြတယ်။ ဆံပင်ကလဲ ဖြီးမလာရဘူး။ အဓိကက စာအုပ်နဲ့ဘောပင်တွေပါရင်ပြီးတာပဲ။ လက်မှတ်ဖြတ်တော့ စာရွက်အပိုင်းလေးကိုလှမ်းယူနေတဲ့ TaeYeon လက်တွေ တော်တော်တုန်နေတာ။ ဘာကြောင့်မှန်းသူမ မသိဘူး။ တကယ်မသိတာလို့ပြောရင် ယုံလောက်ကြတယ်မလား။
အိမ်သော့ကို တံခါးအောက်ကြားမှာညှပ်ခဲ့တယ် လို့ အမေ့ကိုစာလှမ်းပို့ပြီး ဖုန်းကိုစက်ပိတ်လိုက်တယ်။ ရုတ်တရက် ပြေးထွက်လာခဲ့တဲ့သူမကို irene ဆိုတဲ့ကောင်မလေး အနောက်ကနေလှမ်းခေါ်နေခဲ့မလား ဒါမှမဟုတ် သူမပုံစံကို သူ့အဒေါ်ဖြစ်တဲ့ Tiffany ကိုပဲပြောပြနေမလား။ ဆံပင်ပန်းရောင်နဲ့ ခပ်တွေတွေ..ကောင်မလေးဆိုပြီး။
🌻
တစ်စုံတစ်ယောက်ကြောင့် သင့်ဖြစ်တည်မှုတွေကိုပြန်ဆန်းစစ်နေမိရင် ... သေချာတယ်။ အဲ့လူကို သင်ရူးသွပ်နေပြီ။
YOU ARE READING
• A Poem Titled "You" •
Fanfictionရှင်က ကဗျာခေါင်းစဉ်ဖြစ်နေသ၍ ကျွန်မစိတ်နဲ့ခန္ဓာက ဒီစာသားတွေထဲ ကပ်တွယ်နေမှာ ...