Page - 20

2.1K 284 14
                                    

ဖြေရှင်းချက်တွေက Tiffany နဲ့အဆင်သင့်ရှိဖို့ Tiffany အမြဲပြင်ဆင်နေခဲ့ရတယ်။ TaeYeon ကို သူမမှာ စေ့စပ်ထားတဲ့သူရှိတယ်ဆိုတာ ပြောပြခဲ့တုန်းက Tiffany ရင်ဘတ်ထဲ မွန်းကျပ်ပြီး ပြည့်သိပ်နေခဲ့တာ။

Runo ဟာ သူမကို သူ့ရဲ့လိုအင်ဆန္ဒတစ်ခုတည်းကြောင့် (ခပ်ရိုင်းရိုင်းပြောရရင်တော့ လက်တည့်စမ်းဖူးချင်ရုံသပ်သပ် မိန်းမတစ်ယောက်နဲ့အိပ်ချင်နေတဲ့စိတ်ကြောင့်) Tiffany ကို လိုက်ကပ်နေတာလားဆိုတဲ့အတွေးလေ။ Tiffany သိပ်ကြောက်ခဲ့တာလို့ပြောရင်ယုံပါ။ Tiffany ဘဝမှာ မိန်းမငယ်ငယ်လေးတစ်ယောက်ကို မေတ္တာတွေယိုဖိတ်မိမယ်လို့ လုံးဝကိုအိမ်မက်မမက်ခဲ့ဖူးဘူး။ အချစ်ဟာ ကြိုပြီးအသိမပေးတတ်တာသိပေမယ့် အခုလို မိန်းမငယ်ငယ်လေးတစ်ယောက်ကိုချစ်မိတာကို Tiffany သိပ်ကိုထူးဆန်းနေတယ်။

Jin Tauk ရဲ့ ရုံးခန်းမှာ အမှတ်မထင်တွေ့ခဲ့ရတုန်းက ဆယ်ကျော်သက်တစ်ယောက်လို လှိုက်ခနဲဖြစ်သွားတဲ့ရင်ခုန်သံတွေကိုလဲ Tiffany လန့်ဖူးတယ်။ မင်းကသိပ်လှတယ် လို့ ပြောလိုက်ဖို့ ရှိသမျှ မိန်းမအရှက်တွေအကုန် ခွါချထားခဲ့ရတာလဲ Tiffany ပဲသိတယ်။ အသက်ကြီးကြီးမိန်းမတစ်ယောက်နဲ့အတူထိုင်ရတဲ့ သူ့ခံစားချက်ကိုမေးကြည့်တုန်းက Tiffany သူမကိုယ်သူမ Runo ဆီမှာ နစ်နေတာကို သတိထားမိခဲ့ပြီးပြီ။ ထိုခံစားချက်တွေကို ထိန်းချုပ်ဖို့ကြိုးစားခဲ့ဖူးပါသည်။ ဒါတွေက အရေးမကြီးဘူးဟုထင်ကောင်းထင်နိုင်သော်လည်း Tiffany အတွက် ဘဝတစ်ခုစာမျှ အရေးပါတယ်။

လူတစ်ဦးနှင့်တစ်ဦး ခံယူချက်ချင်း ၊ စိတ်ကူးချင်း၊ ရည်ရွယ်ချက်ချင်း ဘယ်တူမလဲ။ Runo အတွက် ပြည့်စုံကောင်းမွန်တဲ့မိန်းမတစ်ယောက်ဖြစ်ချင်လာတဲ့နေ့ဟာ Runo ကို သူမ ချစ်နေမိပြီဆိုတာ သိခဲ့တဲ့နေ့ဖြစ်သည်။ ထိုနေ့က သူ့အိမ်ကို Tiffany လိုက်ပို့ခဲ့တဲ့နေ့လေ။ "မင်းနဲ့ အချိန်အတော်ကြာသိနေချင်တယ်" ဆိုတာဟာ "ငါမင်းကိုအချိန်အကြာကြီး တမြတ်တနိုးရှိချင်လ်ိုက်တာ" လို့ အဓိပ္ပာယ်ရခဲ့ပါတယ်။ Jin Tauk ဟာ Tiffany ရဲ့ လက်တွေ့ဘဝရည်မှန်းချက်တွေကို ခဏခဏသတိပေးခဲ့တဲ့သူလိုဖြစ်တည်မှုမျိုး။ Runo နဲ့အတူရှိချိန်တွေမှာ Jin Tauk ဆီက ဝင်လာတဲ့ ဖုန်းကောလ်တွေ မက်ဆေ့ချ်တွေဟာ 'သတိထားစမ်းပါ Tiffany Young' လို့ လှုပ်ကိုင်ပြောနေတာနဲ့ထပ်တူပါပဲ။ ဒါပေမယ့် Tiffany ပြောပြီးပြီပဲ .. ဒါတွေအကုန် အရာမထင်ခဲ့ပါဘူး။

• A Poem Titled "You" •Where stories live. Discover now