Page - 10

2.4K 329 16
                                    

🌻

တစ်ကြိမ်လောက် ငေးကြည့်ဖူးလား
ပျံနေတဲ့ ငှက်တွေကို ...
သူတို့လိုဖြစ်ချင်လိုက်တာလို့ရော တွေးဖူးလား
Runo ကတော့ ပျံသန်းနေတဲ့ လူသားတစ်ယောက်ပဲ
ဒါပေမယ့် သူ့လိုမဖြစ်ချင်ကြဖို့ အကုန်လုံးကိုတားလိမ့်မယ်

"မင်းက တို့ခန္ဓာကိုယ်ကို စွဲလမ်းပြီး လိုက်တွယ်နေတာပဲ Runo"

Tiffany နာရီဝက်လောက် ကုတင်ပေါ်ထိုင်ပြီး ခပ်တွေတွေ တွေးနေခဲ့သမျှ နောက်ဆုံးရလာတဲ့အဖြေက ထိုဟာတဲ့။ TaeYeon ရင်ထဲထိတ်လန့်သွားတယ်။ သူ့ဘေးမှာထိုင်နေရင်းကနေ ဆတ်ခနဲထပြီး လိုက်ကာစတွေအနားရောက်သွားတယ်။ သူနဲ့အိပ်ချင်နေတာ သူနဲ့ sex ဖြစ်ချင်နေတာပါလို့ ဝန်ခံခဲ့တဲ့ ကိုယ့်ကိုကိုယ် ဘယ်လိုပြန်ဆန်းစစ်ရမလဲမသိခင်မှာ Tiffany ကတော့ သူ့ကို မှတ်ချက်ချလိုက်ပြီ။

"Tiff"

"ညစာပဲ သွားစားကြရအောင် Runo အပြင်လည်ဖို့နေရာ တို့စဉ်းစားလို့မရတော့လို့"

Tiffany အရှေ့ကနေထထွက်သွားတယ်။ TaeYeon ကျောပိုးအိတ်ထဲထည့်လာတဲ့ Camera ကိုထုတ်ဖို့ ကျောပိုးအိတ်ကိုအကုန်သွန်ချလိုက်တယ်။ Camera တစ်လုံးကိုကိုင်ပြီး Tiffany ဆိုတဲ့မိန်းမအနောက်ကို ခပ်သွက်သွက်ပြေးလိုက်ရတော့သည်။

"ပင်လယ်စာကို ညစာအဖြစ်စားမလို့လား? ဒါညနေပဲရှိသေးပေမယ့် မင်းညကျ ဗိုက်ထဲအဆင်မပြေဖြစ်မယ် Runo"

Camera ထဲက ပုံနည်းနည်းလေးကို TaeYeon ကြည့်နေတာ မျက်မှောင်တွေပါကျုံ့လို့။ ဒါတွေဘယ်နေရာကဟာတွေလဲတောင် သူမ မမှတ်မိဘူး။ Camera ကလဲ မသုံးပဲထားတာကြာပြီ။

"ဟုတ်ကဲ့ Tiff မှာတာပဲ ကျွန်မစားလိုက်မယ် ဒါဆို"

'ဘာစားမလဲ' မေးလာတဲ့သူ့မေးခွန်းကို camera ကိုကြည့်ရင်း 'ပင်လယ်စာပဲစားမယ်' လို့ပြောမိလို့ Tiffany က သူမ အဆင်မပြေဖြစ်မှာစိုးရိမ်သွားပုံပဲ။ ဒါကြောင့် camera ကိုကြည့်ရင်းပဲ သူမှာတာစားမယ်လို့ ပြန်ပြောလိုက်တယ်။

"Natuur lijk" (of course)

TaeYeon မော့ကြည့်လိုက်တော့ waiter ကို Dutch ဘာသာနဲ့မှာနေတဲ့ Tiffany ကလဲ TaeYeon ကိုလှမ်းကြည့်လာတယ်။ Camera ကို မျက်နှာနားမှာကပ်ပြီး သူ့မျက်နှာကိုချိန်တော့ သူ့မျက်ဝန်းတွေယောက်ယတ်ခတ်သွားတာကိုလဲ တွေ့လိုက်ရတယ်။

• A Poem Titled "You" •Where stories live. Discover now