Page - 16

2.3K 314 26
                                    

"တစ်ခုရှိတာက တို့အသက်အရွယ်နဲ့လိုက်ဖက်မယ့် ဆုံးဖြတ်ချက်တွေကို မင်းလေးစားပေးဖို့လိုတယ် Runo. တို့မင်းကို မထိန်းချုပ်နိုင်သလို မင်းလဲတို့ကို ထိုနည်းတူပဲဖြစ်နေရမယ်"

တံခါးလက်ကိုင်ကိုဆွဲဖွင့်ပြီး ဝင်သွားတဲ့ Tiff ဆီက ထိုစကားကြောင့် TaeYeon ခဏလောက်တိတ်ဆိတ်သွားတယ်။ လေးစားပေးဖို့လိုတယ်ဆိုတာ ကိုယ့်နေရာကိုယ်သိဖို့ပြောတာများလား။ အသက်ကွာတာ သူမ သိပါရဲ့။ သို့သော် .. သို့သော် ..

"ဘာလို့ လေးစားရမှာလဲဟင်"

TaeYeon မေးတော့ ရေချိုးဖို့ပြင်နေတဲ့ Tiff က တည်တည်ငြိမ်ငြိမ်လှည့်ကြည့်လာတယ်။ နောက်တော့ သူပြုံးနေကျအတိုင်း လှလှပပပြုံးကာ

"မင်းတို့ကိုချစ်လို့ပေါ့ ကလေးရယ်။ အဲ့ဒါထပ်ပိုပြီး မင်း တို့ကိုလေးစားရမယ့်အကြောင်းပြချက်ဆိုတာမျိုးမရှိပါဘူး"

ခေါင်းငြိမ့်ပြလိုက်တော့ Tiff က ရေချိုးဖို့ဝင်သွားတယ်။ TaeYeon အခုမှ ဒန့်ကိုသတိရတာမို့ ဖုန်းဆက်ဖို့ပြင်လိုက်တယ်။

"ik heet"

တစ်ဖက်ကထူးသံဟာ အင်္ဂလိပ်ဘာသာစကားရော ကိုရီးယားဘာသာစကားရောမဟုတ်ကြောင်း လေယူလေသိမ်းနဲ့ စကားလုံးအရ TaeYeon သိလိုက်တယ်။

"ငါ Dutch စကား မပြောတတ်ဘူး ဒန် sorry ပါ"

"ရပါတယ် ငါလဲနှုတ်ကျိုးနေလို့ပြောမိရုံပါ။ အဲ့ဒါ Hello လို့ထူးလိုက်တာ TaeYeon"

ဒန်နဲ့သူမ အတိုင်းအတာတစ်ခုထိ ရင်းနှီးသူတွေဖြစ်လာလျှင် သိပ်ကောင်းမည်။ လူတစ်ယောက်မှာ သူ့ချစ်သူမဟုတ်တဲ့ သူ့ကိုနားလည်ပေးနိုင်သူ ဝေမျှပေးနိုင်တဲ့သူ အခြားတစ်ဦးရှိနေတာ အချစ်ရေးမှာ အကြံကောင်းများစွာရနိုင်သည်ဟု သူမ ထင်သည်။ ထင်ရုံမျှသာ ... 

"အတူတူပြန်ဖို့ကိစ္စလေ ငါ Tiff ကိုရအောင်ပြောလိုက်ပါ့မယ်"

တစ်ဖက်ကဒန်ဟာ ရေဒီယိုဖွင့်ထားသည့်ပုံပေါ်သည်။ ဘာလို့ဆို သူတို့ဧည့်ခန်းမှာ အရောင်အသွေးထည်ဝါတဲ့ရေဒီယိုကြီးတစ်ခုကို တွေ့ခဲ့ရခြင်းနှင့် အခုဖုန်းသံထဲမှာ သီချင်းသံတွေပါနေသောကြောင့်ပင်။

• A Poem Titled "You" •Where stories live. Discover now