Page - 23

2.3K 293 23
                                    

Abel ပြန်သွားပြီ။ TaeYeon ခေါင်းငိုက်စိုက်နဲ့ငြိမ်နေမိတာ ဆယ့်ငါးမိနစ်လောက်ရှိပြီထင်တယ်။ Tiff လဲထိုနည်းတူပဲ။ ငြိမ်နေတယ်။ သူဘာပြောလာမလဲစဉ်းစားမိတိုင်း TaeYeon ရင်ထဲကျပ်လာတယ်။

"Runo"

TaeYeon ပြန်မထူးရဲဘူး။ သူ့အသံတွေက ညင်သာလွန်းနေတယ်။ နစ်ဝင်သွားမတတ်ဖြစ်စေတဲ့ထိညင်သာနေတယ်။ Tiff ဆီက သက်ပြင်းသံသဲ့သဲ့ကြားလိုက်တယ်။ မနက်စာစားနေရင်းကနေ နေ့လည်တောင်ရောက်လုနီးတဲ့ထိ Abel နဲ့ Tiff စကားတွေထိုင်ပြောလိုက်ကြတာလေ။ TaeYeon ဘာတစ်ခွန်းမှဝင်မပြောခဲ့ပါဘူး။ သူတို့ပြောနေတဲ့စကားအများစုဟာ Tiff ရဲ့ အနာဂတ်အစီအစဉ်တွေအကြောင်းပဲ။

"တို့ပြောပြမယ်နော်"

Tiff က TaeYeon မထင်ထားတဲ့အပြုအမူကိုလုပ်လာတယ်။ TaeYeon လက်ထဲကစာအုပ်နဲ့ဘောပင်ကို အသာဆွဲယူပြီး ခုံပေါ်တင်လို့ TaeYeon ပုခုံးကိုကိုင် သူ့ဘက်ကိုလှည့်စေတာမျိုးပေါ့။ အကြည့်ချင်းဆုံတော့ မျက်ရည်တွေထိန်းဖို့ပိုခက်သွားတယ်။

"မငိုပါနဲ့ တို့ရင်ထဲမကောင်းလို့ပါ"

သူက TaeYeon မျက်ရည်တွေကိုသုတ်ပေးတယ်။

"တို့ Jin Tauk နဲ့ လက်ထပ်ဖို့ကိစ္စကို စဉ်းစားနေတုန်းမို့ ဘာမှသေချာမဆုံးဖြတ်ရသေးလို့ မင်းကိုမပြောပြသေးတာပါ။ Abel ကိုကျ အဲ့မရေရာသေးတဲ့အခြေအနေလေးကိုပြောပြရတယ်လေ .. ဘာလို့ဆို သူကကိုယ့်ကိုအထင်ကြီးတယ်။ တို့ Jin Tauk နဲ့ လက်မထပ်ဘူးဆိုတာသိရင် သူမေးလာမယ့်မေးခွန်းတွေအတွက် တို့ရောမင်းရောခံနိုင်ရည်ရှိသေးမှာမဟုတ်ဘူး။ ဒါပေမယ့် မင်းသိထားဖို့က တို့မင်းကိုလုံးဝလက်မလွှတ်ဘူးဆိုတာလေ ကလေးငယ်ရယ်"

"ကျွန်မ ..

သူ့ကိုစကားတစ်ခွန်းပြောလိုက်ဖို့ ကြိုးစားစဉ်မှာပဲ အသံတွေပါတုန်ပြီး ငိုချလိုက်မိတော့တယ်။ သူက TaeYeon ကို ပွေ့ဖက်ပေးတယ်။ ဆိုင်ထဲက လူအချို့လှမ်းငေးနေကြပေမယ့်။

"မင်းဘာဖြစ်နေလဲတို့သိပါတယ်။ အဲ့လိုသိမ်ငယ်စိတ်တွေမဝင်ရဘူးလေ။ တို့ကမင်းကို ထားခဲ့ဖို့ခံနိုင်ရည်မရှိတော့တဲ့ထိ ချစ်နေမိတာပါတွေးရမယ်လေ .. နော်"

• A Poem Titled "You" •Onde histórias criam vida. Descubra agora