Page - 18

2.2K 291 4
                                    

Tiffany Young

Runo အခေါ်အရဆို Tiff ပေါ့။ တကယ်တော့ Tit လို့ခေါ်ရတာ။ အင်္ဂလိပ်လို "Titled" ဆိုတဲ့ အနက်အဓိပ္ပာယ်ရတယ်။ ဒါကို လူလည်မလေးဟာ Tiff ဆိုသည့် သူမ၏အမည်အစနဲ့ အသံတူတာမို့ Tiff ဟုပဲပဲသုံးနှုန်းခေါ်ခဲ့သည်။ Runo ကို Tiffany သိခဲ့တာဟာ ပန်းခြံထဲမှာ စာခဏထိုင်ဖတ်တုန်းကပဲ။

စာအုပ်တပွေ့ကြီးနဲ့ သူ့အနားကိုရောက်သွားတဲ့သူမကို Runo ဟာ မော့လို့ပင်မကြည့်ခဲ့ချေ။ ဖြူဥဥလက်ကလေးများသည် ခဲတံကိုကျကျနနကိုင်ထား၍ မျက်မှောင်များကိုလည်း တွန့်ချိုးလို့ထားသည်။

"ထိုင်မယ်နော်" ဟု ခွင့်တောင်းခဲ့သည်မှာ သူမလို professor တစ်ယောက်အနေနှင့်မလိုအပ်သောကိစ္စရပ်ဖြစ်သော်လည်း သူစိမ်းတစ်ယောက်အား Tiffany ရဲ့ manners တွေကို အထင်မလွဲစေချင်။ သူက ခေါင်းတစ်ချက်ငြိမ့်ပြပြီး သူ့ပုံသူဆက်ဆွဲနေခဲ့သည်။ စာအုပ်အထပ်ကိုပစ်မချပဲ အသံမမြည်အောင် ဂရုတစိုက် ခုံတန်းအလယ်မှာထား၍ ဖတ်လက်စ ဘာသာစကားစာအုပ်အား ဖွင့်ဖတ်လိုက်ဖြစ်သည်။

Tiffany စိတ်တွေဟာ ဘေးနားမှ စာရွက်ဆီကိုတိုးဝင်နေတဲ့ ခဲတံအဖျားရဲ့ ခြစ်သံတွေဆီကိုသာ ရောက်လို့နေသည်။ သူမအသက်သည် ချာတိတ်မတစ်ယောက်၏ဘေးတွင်ထိုင်ကာ ထိုသူ့ကိုငေးနေရမည့်အရွယ်မဟုတ်တော့။ ဒါကိုကောင်းစွာနားလည်ထားသည့်သူမက ဖတ်လက်စစာအုပ်ကိုဖွင့်ရုံသာဖွင့်ထားပြီး သူ့ကိုသာငေးမောကြည့်ရှူ့နေမိသည်။ နေရောင်သည် သူ့ထံတည့်တည့်တိုးနေသော်ငြား သူပုံဆွဲတာရပ်မသွားခဲ့။ သူမတို့ကျောင်းက ကျောင်းသူ မဟုတ်နိုင်ဟုတွေးမိသည့်အခါ စိတ်ထဲတွင် အလိုမကျမှုကလေးက Tiffany ကို ဖြတ်တိုက်သွားခဲ့သည်။

စာအုပ်ကိုမဖတ်တော့ပဲ ဘေးနားမှစာအုပ်ထပ်ပေါ်ချကာ လက်ကိုပိုက်၍ ထိုကလေးမအား ထိုင်ကြည့်နေမိတော့သည်။ တစ်ခါတစ်ရံ လူတစ်ယောက်ကိုငေးမောဖို့ရန် အကြောင်းပြချက်များများစားစားမလိုအပ်ဘူးမဟုတ်ပါလား။ ထိုကလေးမက သူ့စာအုပ်ရဲ့အလည်တည့်တည့်ကိုလှန်၍ စာစုများချရေးထားသည့် စာမျက်နှာများကို စေ့စေ့ကြည့်နေသည်။ ထို့နောက်တော့ သူ့အင်္ကျီရင်ဘတ်မှာချိတ်ထားသည့် ဘောပင်ကိုယူ၍ စာရေးရန်ပြင်နေသည်။

• A Poem Titled "You" •Where stories live. Discover now