"Tiff တဲ့လား"
TaeYeon ဆံပင်တွေကို ခပ်ဖွဖွသပ်ပေးပြီး Tiffany က ရေရွတ်တယ်။ ဆတ်ခနဲ လက်တွေကိုပြန်ရုတ်ပြီး ခုံတန်းဆီပြန်ဝင်ထိုင်လိုက်တဲ့သူ့ကြောင့် ရင်ဘတ်ထဲ လစ်ဟာသွားမှုဟာ မနည်းမနော။
"ကောင်းပြီ မင်းကြိုက်သလိုခေါ်"
Tiffany က ပြုံးရင်းနဲ့ ခေါင်းကိုတဆတ်ဆတ်ငြိမ့်ပြပြီး ထမင်းဘူးကိုဖွင့်နေတယ်။
"ကျွန်မပြန်တော့မယ် ..."
"Tiff"ချောချောချူချူ ထွက်ဖို့ခက်နေသေးတာမို့ ကြိုးစားပြောလိုက်တယ်။ Tiffany လက်တွေက တုန့်ခနဲရပ်သွားပြီး TaeYeon ကို ခပ်တည်တည်နဲ့ကြည့်လာတယ်။ သိပ်လှတာပဲ။
"ဘာလို့လဲ ချက်ချင်းကြီး"
ဒုတိယတစ်ခေါက်တွေ့တုန်းကလို 'အင်း ပြန်လေ' လို့ မပြောတော့တာ ဒါ ပိုကောင်းလာတာလား။ TaeYeon အမှန်ကိုပဲပြန်ဖြေလိုက်တယ်။
"ကျွန်မ ဒီနားကထွက်သွားဖို့လိုနေတယ်"
Tiffany နှုတ်ခမ်းတွေ ခပ်ဟဟဖြစ်သွားတယ်။ နောက်ပြီး သူကထမင်းဘူးတွေကိုပါအကုန်သိမ်းတယ်။ အကုန်ပြီးတဲ့နောက် အရှေ့တည့်တည့်ကိုလှည့်ထိုင်ပြီး လက်ပိုက်ကာ ကျောကိုမတ်တယ်။
"ရပြီ ပြန်မယ်ဆို ပြန်လို့ရပြီ Runo"
ဘေးစောင်းလှည့်ကြည့်ပြီး ပြောလာတဲ့ သူ့စကားကြောင့် သူမစိတ်ထဲ အလိုမကျမှုတွေဖြတ်ပြေးသွားတယ်။ ဒါ ဘာအမူအရာတွေလဲ?
TaeYeon သူ့ကို ခေါင်းငြိမ့်နှုတ်ဆက်ပြီးထွက်လာတဲ့ထိ သူက TaeYeon ကို ခပ်တည်တည်ငေးနေတုန်း။ ကျောပိုးအိတ်ကိုမလွယ်ပဲ ညာလက်မှာဆွဲပြီး ၊ ခေါက်ဆွဲထုပ်တွေကို ဘယ်လက်မှာဆွဲကိုင်လာလိုက်တယ်။
🌻
အချစ်မှာ နာကျင်ရတဲ့အဆင့်နှစ်ခုရှိတယ်။
အချစ်ကို လက်ခံရင်လဲ နာကျင်ရပြီး
အချစ်ကို ငြင်းပယ်ရင်လဲ နာကျင်ရတယ်။
အချစ်မှာ ထိုအဆင့်နှစ်ခုသာရှိတယ်။✨
အိမ်တွင်းအောင်းနေတာ သုံးရက်ရှိပြီ။ အမေ့ဆီကပိုက်ဆံရဖို့က သုံးရက်လိုသေးသည်။ မနက်လင်းနေပြီလား နေ့လည်ရောက်နေပြီလား မိုးချုပ်နေပြီလား TaeYeon မသိ။ အိပ်ရာထဲက ဒီစောင်ပုံထဲမှာ နေနေတာ နာရီ ၂၀နီးပါးတော့ရှိနေပြီ။ ရေပဲထချိုးပြီး ကျန်တာဘာမှမလုပ်ဖြစ်။ လဲထားတဲ့အဝတ်အစားတွေက ကြမ်းပေါ်မှာပုံလျက်သား။
YOU ARE READING
• A Poem Titled "You" •
Fanfictionရှင်က ကဗျာခေါင်းစဉ်ဖြစ်နေသ၍ ကျွန်မစိတ်နဲ့ခန္ဓာက ဒီစာသားတွေထဲ ကပ်တွယ်နေမှာ ...