Page - 4

2.5K 346 22
                                    

"ဘယ်သူနဲ့တွေ့ချင်လို့ပါလဲခင်မျာ"

အခန်းတံခါးဝက ကောင်ငယ်လေးတစ်ယောက်က TaeYeon ကို တရိုတသေမေးတယ်။ professor တွေ ဟိုဟိုဒီဒီ ရှုပ်နေတဲ့အခန်းထဲ သူမ တစ်ချက်လှမ်းကြည့်ပြီး..

"Professor Tiffany Young နဲ့ပါ"

"Madam လား... Madam က.. ခဏလေးပါနော်"

ကောင်လေးက TaeYeon ကို နှုတ်ဆက်ပြီး နားနေခန်းတံခါးဝကိုပိတ်ကာ အထဲကိုဝင်သွားတယ်။ TaeYeon ကျောပိုးအိတ်ကြိုးကို ဆွဲကိုင်ရင်း ရှူးဖိနပ်ထိပ်နဲ့ မြေပြင်ကို တို့ထိကာ စောင့်နေလိုက်တယ်။ အနောက်မှာကျန်ခဲ့တဲ့ ကျောင်းဝင်းထဲကို လည်ပြန်လှည့်ငေးတော့ တက္ကသိုလ် ကျောင်းသားတွေက အုပ်စုဖွဲ့စကားပြောပြီး ပျော်ရွှင်နေကြပုံပေါ်တယ်။

တံခါးဖွင့်သံကိုကြားလိုက်တာကြောင့် ဆတ်ခနဲ အနောက်ကိုပြန်လှည့်ကြည့်လိုက်သည်။ ကောင်လေးဟာ အားနာနေတဲ့မျက်ဝန်းတွေနဲ့ ...

"ဟို..Madam က အစည်းအဝေးအတွက်ပြင်နေတာမို့ ဧည့်သည်မတွေ့နိုင်သေးဘူးပြောပါတယ် နာမည်မေးပြီး ခဏလောက် စောင့်ခိုင်းထားဖို့မှာလိုက်တယ်ခင်မျ"

TaeYeon မျက်ခုံးတွေပင့်တက်သွားတယ်။ အင်းပေါ့ .. သိပ်အလုပ်လုပ်တဲ့ ပရော်ဖက်ဆာတစ်ယောက်က သူမလို ကျောင်းသူတစ်ယောက်ကို အလုပ်တွေပစ်ပြီးထွက်မတွေ့တာ သိပ်တော့မဆန်းပါဘူး။

"ဟုတ်ကဲ့ ရပါတယ်"

TaeYeon ပြောတော့ ကောင်လေးကခေါင်းငြိမ့်ပြပြီး အထဲကိုပြန်ဝင်ဖို့ပြင်နေတယ်။

"Runo ... Runo လို့ပြောလိုက်ပါ ကျွန်မနာမည်"

ကောင်လေးက ထပ်မံခေါင်းငြိမ့်ပြပြီး ပြန်ဝင်သွားတယ်။ TaeYeon ကျောင်းဝင်းရဲ့ တစ်နေရာရာမှာ စောင့်နေဖို့အတွေးနဲ့ ရုံးခန်းရှေ့ကနေ လှည့်ထွက်လာလိုက်သည်။ ကျောင်းဝင်းထဲကိုရောက်လာတော့ ခုံတန်းတွေက ပေါပေါသီသီကိုရှိနေတယ်။ TaeYeon ခုံတန်းမရှိတဲ့ လူရှင်းသည့် မြက်ခင်းတစ်ခုပေါ်မှာ အားရပါးရ ထိုင်ချပြီး ပါလာတဲ့ ဟမ်ဘာဂါကို အိတ်ထဲကထုတ်စားလိုက်တယ်။ တစ်ကိုက်ကိုက်ပြီး စက္ကူရွက်ပေါ်တင်ကာ မုန့်ကို ဘေးနားချပြီး စာအုပ်နဲ့ဘောပင်ကိုထုတ်လိုက်တယ်။

• A Poem Titled "You" •Where stories live. Discover now