Page - 14

2.3K 321 15
                                    

Hotel အခန်းကိုပြန်ရောက်တော့ Tiffany က စာအုပ်ထိုင်ဖတ်နေတယ်။ တစ်ချက်ချက် ဝင်လာတဲ့ message တွေကိုလဲ စာပြန်နေသေးတယ်။ TaeYeon ကုတင်ပေါ်ကနေသူ့ကိုလှမ်းကြည့်ရင်း ရင်ထဲကျပ်သိပ်လို့လာသည်။ ဒီအမျိုးသမီးကိုမှ ဘာကြောင့် စွဲလန်းမိသလဲ။ ဘာကြောင့် ဆိုင်သူရှိနေတဲ့သူ့ကိုမှ။

"ဒီဘက်မှာ တည်းခိုခန်းသေးသေးလေးတွေရှိတယ်။ သစ်ပင်လေးတွေအများကြီးစိုက်ထားတယ်တဲ့။ စာအုပ်ဖတ်လို့ကောင်းမယ်ထင်တယ်။ တို့ အဲ့ကိုသွားမလို့ မင်းလိုက်ခဲ့ချင်လား"

အချိန်က နေ့လည်ဖြစ်နေပြီ။ TaeYeon သူ့ကိုကြည့်နေတာဟာ သူ့မျက်ဝန်းတွေကိုအကဲခတ်နေတာ။ ဒါပေမယ့် ဘာမှခန့်မှန်းလို့မရနေပါ။ Tiffany က အဲ့လိုမိန်းမ။ TaeYeon ခေါင်းငြိမ့်ပြလိုက်တယ်။

"ဟုတ်ကဲ့ Tiff"

သူမတို့ Hotel ကနေထွက်လာတာ တစ်နာရီလောက်ကြာတော့ ဂျောင်ကျကျနေရာလေးတစ်ခုကိုရောက်လာသည်။ ထူးတော့ထူးဆန်းနေပေမယ့် သူ့ကိုမေးဖို့စောသေးတာမို့ သူ့အနောက်ကနေသာ camera လွယ်ပြီး လိုက်လာလိုက်သည်။

သစ်ပင်စိုက်ထားတာထပ်ကိုပိုသည်။ မြင်နေရတဲ့အရာတွေက TaeYeon တကယ်သဘောခွေ့သည့်အရာတွေချည်း။ နှုတ်ခမ်းခပ်ဟဟနဲ့ ဟိုဟိုဒီဒီငေးနေရသည်မှာအမောပင်။ မကြာခင်ကမှ မိုးရွာထားသလိုမျိုး မြေသင်းနံ့ကြောင့် ခေါင်းထဲမှာ ကြည်လင်သွားသည်။ Tiffany က အိမ်ငယ်လေးရှေ့က ယောက်ျားတစ်ဦးနဲ့စကားပြောပြီးနောက် ထိုအမျိုးသားကထွက်သွားသည်။ Tiffany က နှစ်ထပ်အိမ်ငယ်လေးထဲဝင်သွားသည်အထိ TaeYeon ကိုလှည့်မကြည့်ခဲ့။ သူစိတ်ဆိုးနေတုန်းများလား။ ဒါဆိုဘာလို့ သူမကို ဒီကိုခေါ်လာတာလဲ။

အိမ်ထဲကိုမဝင်သေးပဲ အိမ်ဘေးပတ်ပတ်လည်ကိုလိုက်ကြည့်တော့ ထွေထွေထူးထူးသိပ်မရှိပါ။ သို့သော်ငြားလည်း အညိုရောင်သန်းနေသော ညနေခင်းတစ်ခုကို TaeYeon ပိုင်ဆိုင်ရတော့မည်။ ဒါဟာလဲ Tiffany နဲ့အတူတူ။ အိမ်ကတော့ အုတ်တွေနဲ့ဆောက်ထားဟန်။ တည်းခိုခန်းဆိုတာရော သေချာရဲ့လား။ အိမ်ရှေ့တည့်တည့်မှာရပ်နေတုန်း အပေါ်ထပ်ပြတင်းပေါက်နားက လှုပ်ရှားမှုကြောင့် TaeYeon ဆတ်ခနဲမော့ကြည့်လိုက်မိသည်။

• A Poem Titled "You" •Where stories live. Discover now