Page - 28 [ Final Page]

4.5K 372 30
                                    

"မင်းဘဝရဲ့မွန်းကျပ်မှုကြီးကိုဖယ်ရှားနိုင်ခဲ့လို့ အရင်ဆုံးဂုဏ်ပြုတယ်။ လမ်းခွဲလိုက်ကြတာပေါ့ Runo ... ငါ့ဖြစ်တည်မှုက ဒီနေ့ကစပြီး မင်းနဲ့မဆိုင်တော့တာမို့ မင်းလွတ်လပ်ပြီ။ မင်းဦးနှောက်နဲ့စဉ်းစားနိုင်သမျှ ဒါအကုန်ဆိုတာ ငါမယုံနိုင်သေးဘူး။ ဒါပေမယ့် လမ်းခွဲမယ်။ တစ်ယောက်ကိုတစ်ယောက် အနှောင်အဖွဲ့ကင်းကင်းနဲ့ ဆက်ရှင်သန်ကြမယ်။ သေသေချာချာနှုတ်ဆက်တာပါ။ မင်းဘဝက ငါနဲ့ဝေးနေရင် ပိုအဆင်ပြေနိုင်တယ်ဆိုတာ ငါတကယ် ဟိုးအစမှာတည်းက သိခဲ့ပါတယ်"

စာကိုဖတ်ပြီး TaeYeon ရင်ထဲမှာ တဒိန်းဒိန်းတုန်လာတယ်။ ဘာဖြစ်လို့လဲ ... ဟိုးအစမှာတည်းကသိခဲ့ပါတယ်ဆိုတဲ့စကားက ဘာသဘောလဲ။ အခုအခြေအနေက ကောင်းတာလား ဆိုးတာလား။ တကယ်တော့ ချစ်မိရင် ပျော်ရပြီလို့ထင်ထားတာ။ TaeYeon တွေးထားခဲ့တာတွေက သိပ်ကိုရိုးရှင်းတယ်။ အရာအားလုံးရဲ့အထက်မှာအချစ်ရှိတယ် လို့ ဆယ်ကျော်သက်ဦးနှောက်နဲ့တွေးထားသမျှကို Tiffany က မှားကြောင်း ပြပေးခဲ့တယ်။ သိမ်ငယ်မှု၊ ကိုယ့်ကိုကိုယ်မယုံကြည်မှု၊ ပျောက်ဆုံးမှုတွေကို ဘယ်လိုဖျက်ရမလဲလို့ သူမအတွေးများနေသမျှကာလပတ်လုံး Tiffany ကရော ဘာကိုကြိုးပမ်းနေခဲ့မလဲ။

သူ့အစီအစဉ်တွေအတိုင်း TaeYeon လိုက်ပါလာဖို့လား။ အရာရာ သူ့သဘောထားကိုဦးစွာမေးကြည့်ဖို့လား။ ဖြစ်နိုင်ချေကတော့ TaeYeon ဟာ တစ်စုံတစ်ယောက်ရဲ့ထိန်းချုပ်မှု (ထိန်းချုပ်မှုလို့ ပုံသေတွက်လို့မရတဲ့ ပတ်သတ်မှုတစ်ခုရဲ့တာဝန်တွေ) နဲ့ ရှင်သန်ဖို့ခက်ခဲတာမျိုးဖြစ်လိမ့်မယ်။ လမ်းခွဲလိုက်ပြီဆိုတော့ တစ်ယောက်တည်းပြန်ဖြစ်သွားပြီဆိုတဲ့သဘောပေါ့။ သူကတော့ သူ့ရဲ့ပုံမှန်အလုပ်တွေကိုလုပ်နေမှာ TaeYeon သိတယ်။ ဘာလို့ဆို သူက Tiffany လေ ...

ကျောင်းအုပ်ဆရာနဲ့သူ့ကိုမြင်တော့ TaeYeon တစ်ခုခုဖြစ်သွားခဲ့ပါတယ်။ အမည်ဖော်လို့မရတဲ့တစ်ခုခုပါပဲ။ သေချာသွားတာကတော့ Tiffany နဲ့ပတ်သတ်လာရင် ဟိုးအစမှာတည်းက TaeYeon ဟာ တစ်ခုခုကို အနက်ရှိုင်းဆုံးထိ ပျောက်ဆုံးနေရတယ်ဆိုတာပါပဲ။ ဒီသဘောတရားကို Tiffany ဆိုရင် နားလည်လောက်မယ်ထင်လား။ TaeYeon တွေးလို့ရသမျှအကုန်က TaeYeon ဝိဉာဉ်က Tiffany နဲ့တွေ့ရင် လိပ်ပြာအနှုတ်ခံလိုက်ရသလိုပဲ ... ဟုတ်တယ် ... ခံစားရသမျှက အဲ့ဒါအကုန်ပဲ။ သူ့ကိုချစ်လွန်းလို့ တစိမ့်စိမ့်ထိုင်ကြည့်နေရင်း ငါဘယ်သူလဲလို့ပြန်တွေးမိတဲ့အခါ ချက်ချင်းလက်ငင်းအဖြေထွက်မလာတာမျိုး။ သူ့သူငယ်ချင်းမိတ်ဆွေတွေနဲ့ဆုံတဲ့အခါ ထိုင်နေတဲ့ခုံလေးမှာ ဒါမှမဟုတ် ရပ်နေတဲ့နေရာလေးမှာ အသက်ရှူတဲ့အလုပ်တစ်ခုကလွဲလို့ ဘာမှမလုပ်ရဲတာမျိုး။

• A Poem Titled "You" •Where stories live. Discover now