Page - 25

2.2K 307 20
                                    

ဒါလေးက စာမေးပွဲမပြီးခင် နောက်ဆုံးအပိုင်းလေးပါ။ ကျန်တာတွေ စာမေးပွဲပြီးမှဆက်လာပါမယ်။ အေးအေးဆေးဆေးပဲရေးပြီး အေးစက်စက်ပဲတင်နေတော့ ဖတ်တဲ့လူတွေလဲ အေးဆေးပဲဖတ်နေကြတယ်လို့ပဲထင်ပါတယ်။ ဘာမှလဲသိပ်မပြောကြလို့လေ။ ဒါပေမယ့် ဖတ်တာနဲ့တင်ကိုကျေးဇူးတင်တယ်။ တစ်ခုရှိတာကတော့ နားလည်ပေးနိုင်မှဖတ်ဖို့ပေါ့ .. ဟန်ပြောထားဖူးသလိုမျိုးပဲ ဖတ်စရာမရှိလို့ဖတ်ရတာဆိုတဲ့စိတ်နဲ့ ဟန့် fic တွေဆီမလာလဲ ဘာမှမဖြစ်ပါဘူးလို့။ ဒါလေးက တကယ်ရေးချင်နေတဲ့ပုံစံလေးမို့ အများကြိုက်တဲ့ပုံ ဟုတ်ဟုတ် မဟုတ်ဟုတ် ဟန်ကတော့ တန်ဖိုးထားပြီးဆက်ရေးနေမှာ 💛 တန်ဖိုးထားပြီးဖတ်ပေးနေတဲ့သူတွေကိုလဲ အသည်းအကြီးကြီးပေးတယ်နော် 🥳💛 ပြီးတော့ ဒီနေ့ တစ်နာရီကျော်နောက်ကျတာက ဟန်ရေးပြီးမှ မအားဘူးဖြစ်သွားလို့ပါ နောက်ပြီး တင်မယ်လို့ဆုံးဖြတ်ထားပြီးသားမို့ နောက်ကျနေပေမယ့်တင်လိုက်တာပါ။ ကဲ . ဒါပါပဲ .. Poem လေးကို ခံစားလို့ရပါပြီ။

🌻

အရာရာ သတိနဲ့နေတတ်လို့ Tiffany အတွက် အမှားဆိုတာရှားသည်။ တစ်ခါတစ်လေ ကျောင်းချိန်အတွင်း အိပ်ငိုက်မိတာကလွဲလို့ အဲ့ထပ်ဆိုးတဲ့ ရှက်စရာအဖြစ်မျိုးမကြုံခဲ့ဖူး။ အခုတော့ Runo အမေရဲ့ မျက်လုံးအောက်မှာတင် Tiffany က မိန်းမပျက်တစ်ယောက်လို ဘောင်သွင်းခံနေရတယ်။ ကလေးငယ်ကြောင့်မို့ အရာအားလုံးလျှော့ထားပါသော်လည်း စိတ်ထဲတော့ကြည်ဖြူနေသည်မဟုတ်။

ညစာစားမည့်ဆိုင်သို့ သူ့အမေပါပါလာတာထိ Tiffany ဘာမှမဖြစ်။ Runo နဲ့ သူ့အမေ ဘာကြောင့်အဆင်မပြေသလဲဆိုတာကို သိချင်၍သာ လိုက်လာခွင့်ပြုလိုက်ခြင်းပင်။

"အမေ ပြန်ရအောင်ကျွန်မတို့"

TaeYeon ပြောတော့ သူ့အမေက menu ရွေးနေရင်း လှမ်းလို့စောင်ကြည့်သည်။ သူ့သမီးကိုတော့မဟုတ် Tiffany ကိုပင်။

"ငါ့သမီးနဲ့က ဘယ်လိုပတ်သတ်တာလဲ"

"အမေ ကျွန်မကိုအခုမှ အမေ့သမီးလိုပြုမူနေတာတွေတော်စမ်းပါတော့!!! သွားမယ်လို့!!"

TaeYeon ဟာ သူ့အမေလက်မောင်းကိုထဆွဲသည်။ ရုန်းရင်းဆန်ခတ်ဖြစ်မယ်ဆိုရင်တော့ Tiffany စိတ်ခုရပါလိမ့်မည်။

• A Poem Titled "You" •Where stories live. Discover now