Page - 9

2.5K 325 16
                                    

"ကျွန်မကို နမ်းလို့"

Tiffany က အနည်းငယ်ကြောင်အမ်းသွားတယ်။ ဒီနေရာမှာ အနည်းငယ်ဆိုတာ တကယ့်ကိုအနည်းငယ်လေး။ Tiffany လို မိန်းမမျိုးက ဒီကိစ္စကို အများကြီးမအံ့ဩနေတာကို TaeYeon မကျေနပ်။

"မနမ်းနဲ့တော့ သွားမယ် ရှင့်အခန်းကို"

ဆောင့်အောင့်ပြောပြီး TaeYeon သူ့လက်တွေကိုလှမ်းဆွဲလိုက်မိပြန်တယ်။ မနမ်းရလဲ လက်တော့ဆွဲချင်တယ်။ Tiffany ကတော့ ခပ်ဟဟပြုံးနေတယ်။ အဲ့မိန်းမ အလကားနေပြုံးနေတာကို TaeYeon လိုက်ပြီး စိတ်မတိုတော့ဘူး။ ဘာလို့လဲဆိုတော့ သိပ်ကိုလှလို့ပဲ။

"ဘယ်တွေသွားဖို့စီစဉ်ထားလဲ"

အခန်းဆီသွားတုန်း Tiffany ဘယ်ဘက်လက်ကိုဆွဲပြီး ခပ်တည်တည်ပဲ TaeYeon လျှောက်နေလိုက်တယ်။ သူက TaeYeon ကို အငြင်အသာလှည့်မေးလာတာ။

"ဒီလိုပါပဲ စိတ်ကူးပေါက်ရာပဲပေါ့ ကျွန်မမှာဦးတည်ချက်တွေ ရည်ရွယ်ချက်တွေဆိုတာမှ မရှိပဲ"

တွဲထားတဲ့လက်ကို ဖြုတ်ချပြီး Tiffany က အခန်းတံခါးကိုဖွင့်တယ်။ Tiffany ပိုက်ဆံသုံးနိုင်တာကိုသိပေမယ့် ဒီလောက်ထိဖြုန်းနိုင်မယ်လို့ သူမ မထင်ခဲ့ဘူး။ အခန်းထဲက အပြင်အဆင်တွေကိုကြည့်ပြီး ခဏလောက်တော့မှင်သက်မိသွားသေးသည်။

"အတူတူသွားကြမယ်လေ Runo ပြီးရင် အတူတူပြန်ကြတာပေါ့ ဆိုးလ်ကို။ တို့လဲ ဘာအလုပ်မှမရှိဘူးဆိုတော့"

ဂါဝန်အရှည်ဝတ်ထားတဲ့သူက ပြတင်းပေါက်ခန်းဆီးတွေကိုဖွင့်ရင်းပြောတယ်။ နေရောင်ဖြဖြ ကျနေတဲ့ သူ့မျက်နှာကို နှစ်ယောက်အိပ်ခုတင်ပေါ်မှာထိုင်ရင်း TaeYeon တမေ့တမောငေးနေမိတယ်။

"ကျောင်းဘာလို့ထွက်လိုက်တာလဲ သိချင်နေခဲ့တာ။ ပြောပြလို့အဆင်ပြေပြီး ပြောပြချင်တယ်ဆိုရင် ကျွန်မသိချင်တယ် Tiff"

"သိလား.. မင်းတို့ကို Tiff လို့ခေါ်ရင် တို့ရင်ထဲ လှိုက်ခနဲဖြစ်ဖြစ်သွားတယ်"

TaeYeon နည်းနည်းတော့ရှက်သွားတယ်။ ဘဝမှာ တစ်ခါမှမဖြစ်ဖူးတာတွေက သူနဲ့မှဖြစ်နေတော့တာပဲ။ ရှက်တာတွေ ၊ ကြောက်တာတွေ စိတ်ထဲသူဝင်လာရင် မောင်းမထုတ်တတ်တော့တာတွေ။ ဒါပေမယ့် သူက TaeYeon လို ဟုတ်ချင်မှဟုတ်မှာ။

• A Poem Titled "You" •Where stories live. Discover now