"မအားတာလား ကျွန်မကိုအချိန်မပေးချင်တာလား"
TaeYeon ခပ်ကျယ်ကျယ်မေးတော့ Tiff ရဲ့ သက်ပြင်းချသံသဲ့သဲ့ကိုကြားလိုက်ရတယ်။ Tiff စိတ်ပျက်သွားမှာကိုတော့ TaeYeon ကြောက်တယ်။
"အချိန်ပေးချင်တာပေါ့ ကလေးငယ်ရယ်။ ပြိုင်ပွဲမှာလေ မင်းသာမပါတာ အခြားကျောင်းသူတွေပါကြတယ် .. အဲ့ဒါနာမည်တွေယူပြီး သူတို့ကိုယ်ရေးအကျဉ်းချုပ်တွေ စုနေရလို့ပါ။ ဒီည မင်းနဲ့အတူညစာစားဖို့ တို့စီစဉ်ပြီးသားလေ"
"ဟုတ်လို့လား"
ခပ်ဆတ်ဆတ်မေးတော့ သူက ဒါပေါ့ ဆိုတဲ့စကားကို မြန်မြန်ဖြေတယ်။ Tiff အခုတလောမအားတာများသည်။ ကျောင်းပေါင်းစုံပြိုင်ပွဲဆိုတာအတွက် Jin Tauk နဲ့တွေ့ရသည်ကလဲများသည်။ သို့သော်လည်း ဘာမှစိုးရိမ်စရာမလိုကြောင်း Tiff က မှာထားသည်။ လူကြီးတစ်ယောက်ကိုချစ်နေရတော့လည်း သူပြောတာနားထောင်ဖို့ရန် တာဝန်ရှိသည်ပေါ့လေ။
"အလုပ်ဆက်လုပ်တော့နော် ဒါဆို ကျွန်မမနှောင့်ယှက်တော့ဘူး"
"မင်းနှောင့်ယှက်နေတာလို့ တို့မမြင်ပါဘူး။ ဒါပေမယ့် အလုပ်ကတော့ ဆက်လုပ်ရဦးမယ်။ နောက်နှစ်နာရီလောက်ကျရင် အသင့်ပြင်ထားလိုက်တော့နော် တို့လာခေါ်မယ်"
"ဟုတ်ကဲ့"
ဖုန်းချပြီးနောက် သဘောတကျတစ်ချက်ရယ်မိသည်။ ရည်းစားရနေတဲ့ခံစားချက်က တစ်ခါတစ်ရံတော့လည်း ထူးဆန်းပါသည်။ အချစ်ကလွဲပြီး ဘာမှမလိုဘူးလို့ထင်နေသည့်အချိန်တွေမှာဆို စိတ်ဟာ ငှက်မွှေးတစ်ခုလိုပေါ့ပါးနေပြီး လေနှင်ရာအရပ်တိုင်းဟာ သူ့ထံကိုပဲဖြစ်နေတတ်သည်။
"TaeYeon"
အခန်းတံခါးခေါက်သံကြောင့် TaeYeon မျက်နှာတွေတည်သွားတယ်။ အမေက ထူးထူးဆန်းဆန်း တံခါးလာခေါက်နေတယ်။
"ဝင်ခဲ့လေအမေ .. ကျွန်မလော့ခ်မချထားဘူး"
တံခါးပွင့်သံနဲ့ အထဲဝင်လာတဲ့ခြေသံဖွဖွကိုပဲနားစွင့်ပြီး TaeYeon အမေ့ကိုမကြည့်။ ကုတင်ပေါ်မှာ ပြောင်းပြန်အိပ်နေတဲ့ TaeYeon ဘေးကို အမေဝင်ထိုင်တယ်။
"ဒီည အမေတို့နဲ့ အပြင်ကိုညစာလိုက်စားပါလား။ အစ်ကိုကလည်း သမီးနဲ့ ရင်းနှီးချင်နေတယ်"
YOU ARE READING
• A Poem Titled "You" •
Fanfictionရှင်က ကဗျာခေါင်းစဉ်ဖြစ်နေသ၍ ကျွန်မစိတ်နဲ့ခန္ဓာက ဒီစာသားတွေထဲ ကပ်တွယ်နေမှာ ...