Page - 15

2.2K 319 1
                                    

"ဟုတ်ရဲ့လား ရည်းစားမထားဖူးဘူးဆိုတာ"

Tiff အမေးကို TaeYeon တဆတ်ဆတ်နဲ့ခေါင်းငြိမ့်ပြပြီးဖြေလိုက်တယ်။ သူမတို့ စောစောက Tiffany ထိုင်နေတဲ့ ပြတင်းပေါက်ဘောင်မှာ တက်ထိုင်နေကြခြင်းပင်။ Tiffany ခြေထောက်နှစ်ဖက်ကြား ဝင်ထိုင်နေတဲ့ သူမကို Tiff က အနောက်ကနေ သိုင်းဖက်ထားတယ်။ လုံခြုံပြီးနွေးထွေးလို့နေသည်။

"မယုံဘူးလား Tiff က"

TaeYeon မေးတော့ သူမ လည်ပင်းကို ခပ်ဖွဖွငုံ့နမ်းနေတဲ့ Tiff ဆီက ရယ်သံသေးသေးလေးကြားရတယ်။

"အံ့ဩလို့မေးကြည့်တာပါ Runo ရဲ့။ တို့ မင်းပြောသမျှကို ယုံကြည်နေလို့ခက်နေတာ"

သူမရဲ့ လိင်စိတ်လိုအပ်ချက်တစ်ခုတည်းကြောင့် Tiff နဲ့အိပ်ခဲ့တာလို့ပြောတာကိုလဲ Tiff ယုံသွားမှာပေါ့။ TaeYeon ရှင်းပြသင့်တယ်မလားဒါဆို။

"Tiff"

"အင်း"

"ကျွန်မရှင်နဲ့အိပ်ခဲ့တယ်ဆိုတာ ရှင့်ကိုချစ်လို့ပါ"

"........"

Tiff ဟာ ဘာမှပြန်မပြော။ သူပြောသလို သူက သူမရဲ့စကားတိုင်းကိုယုံကြည်ပြီး အတည်လို့ထင်နေခဲ့တာပဲ။ မည်မျှလောက်နာကျင်သွားရခဲ့မည်လဲ။

"တို့နားလည်ပါတယ်ကွာ .. မင်းစိတ်တိုလို့ပြောမိတယ်ဆိုတာ"

"တကယ်လား"

TaeYeon သူ့ကိုလည်ပြန်လှည့်ကြည့်ပြီးမေးတော့ အခွင့်အရေးသမားကြီးလိုလို Tiff က TaeYeon နှုတ်ခမ်းကို ဖြတ်ခနဲနမ်းတယ်။

"တကယ်ပေါ့"

TaeYeon ဖုန်းက တုန်ခါလာသည်။ ဖုန်းနံပါတ်ကိုကြည့်တော့ သူမ မသိသည့်နံပါတ်။ Tiff မျက်နှာကိုတစ်ချက်ကြည့်တော့ သူက ကိုင်လိုက်လေဆိုတဲ့အကြည့်တွေနဲ့။

"Hello"

"TaeYeon!!!!!"

တစ်ဖက်ကအသံဟာ ပျော်ရွှင်မှုအလုံးစုံကိုသိမ်းပိုက်ထားရသည့်အသံ။ တစ်နည်းအားဖြင့်တော့ ..

"ဒန်?"

TaeYeon ပါးစပ်က အခြားနာမည်တစ်ခုထွက်လာတော့ Tiffany က သေချာကြည့်နေတယ်။ ဒန် မနေ့က TaeYeon ဆီက ဖုန်းနံပါတ်တောင်းထားခဲ့တာ။

• A Poem Titled "You" •Where stories live. Discover now