အိမ်ထဲမှာ Tiffany ကြောင့် အတော်ပင်ရှင်းနေသည်။ TaeYeon စိတ်အလိုလိုက်စွာပဲ သူ့ကိုထိုင်ငေးနေလိုက်တယ်။ အခုမှရောက်ဖူးတဲ့အိမ်ကို သူ့အိမ်လိုရှင်းပေးနေတဲ့ Tiffany က ဆံပင်တွေကို ခပ်လျော့လျော့စည်းထားပြီး ဖုန်သုတ်စက်ကိုကိုင်ထားတဲ့အချိန်မှာ TaeYeon ကိုတစ်ချက်လှည့်ကြည့်ပြီး ပြုံးပြတယ်။
"တို့ ရေချိုးပြီးရင် ပြန်မယ်"
ဆိုဖာကိုမှီပြီး သူ့ကိုပြုံးကာငေးနေတဲ့ TaeYeon နှုတ်ခမ်းတွေက Tiffany စကားကြောင့် ဖြောင့်တန်းသွားတယ်။
"ဘာလို့လဲ"
"အလုပ်လုပ်စရာစာရွက်တွေက တို့အိမ်မှာလေ ဒါကြောင့်ပါ"
TaeYeon ဘာပြောလိုက်ရမလဲသူ့ကို။ သူနဲ့ပတ်သတ်ပြီး TaeYeon တကယ်ပင် ကြောင်နေခဲ့တာပဲ။
"ဟုတ်ကဲ့ ပြန်လေ ကျွန်မ bus stop ထိလိုက်ပို့ပေးမယ်"
TaeYeon ပြောလိုက်တော့ ဖုန်သုတ်စက်ကို နေရာတကျပြန်ထားနေတဲ့ Tiffany က အားရပါးရပြုံးတယ်။
"မင်းကို တို့ကားနဲ့လိုက်ပို့တာ မမေ့ရဘူးလေ Runo"
TaeYeon ခေါင်းထဲ မိုက်ခနဲဖြစ်သွားတယ်။ သူမ တစ်ခုခုလုပ်ဖို့လိုအပ်နေပြီ။ တစ်ခုခု ...
"အပြင်မှာတော်တော်မှောင်နေပြီလေ Stephi shi"
TaeYeon ပြောလိုက်ပေမယ့် Tiffany က သူ့ဖုန်းမြည်သံကြောင့် TaeYeon စကားကိုအာရုံမရဖြစ်သွားပုံပဲ။ ဖုန်းထုတ်ပြီး TaeYeon ကို ကျောခိုင်းလို့ ခပ်တိုးတိုးနဲ့ ...
ဘယ်သူများလဲ? TaeYeon ဟာ သူတစ်ပါးဘဝကို လိုက်ပြီးသိချင်စိတ်ရှိသူမဟုတ်ခဲ့။ တစ်စုံတစ်ယောက်ရဲ့ အကြည့်ကိုခံချင်သူမဟုတ်ခဲ့။ တစ်စုံတစ်ယောက်ရဲ့ အပြုံးကို လိုလားတောင့်တတတ်တဲ့သူမဟုတ်ခဲ့။ Tiffany ... Tiffany က ဒါတွေအကုန်လုံးကို ခဏလေးနဲ့ရိုက်ချိုးပစ်လိုက်သလိုပဲ။ ခဲခြစ်နေရင်း ခဲတံစလေး ဖောက်ခနဲကျိုးသွားသလို။ ကဗျာရေးနေရင်း စာရေးနေရင်း ဦးနှောက်က ရုတ်တရက် အလုပ်မလုပ်ချင်တော့သလို .. အဲ့လိုမျိုး Tiffany က TaeYeon ကို ရပ်တန့်သွားစေတယ်။ ခဲစလေး ကျိုးတုန်းကလို တောက်တစ်ချက် ခတ်ဖို့တောင် TaeYeon မေ့နေခဲ့တယ်။ ကဗျာဆက်မရေးတတ်တော့တုန်းကလို သက်ပြင်းတစ်ချက်ချဖို့တောင် TaeYeon မေ့နေခဲ့တယ်။
YOU ARE READING
• A Poem Titled "You" •
Fanfictionရှင်က ကဗျာခေါင်းစဉ်ဖြစ်နေသ၍ ကျွန်မစိတ်နဲ့ခန္ဓာက ဒီစာသားတွေထဲ ကပ်တွယ်နေမှာ ...