Page - 2

3.3K 360 35
                                    

မနက်လင်းတည်းက ဘယ်ထွက်သွားမှန်းမသိတဲ့ အမေ့ကို ဘယ်ရောက်နေလဲ စာပို့မေးပြီး ဒီခုံတန်းမှာဒုတိယအကြိမ် TaeYeon ထိုင်ချလိုက်တယ်။ ပန်းခြံပတ်ပတ်လည်ကို ဟိုဟိုဒီဒီ သိသိသာသာပဲငေးမောရှာဖွေနေမိတာဟာ မနက်ခင်းရဲ့ ကဗျာတစ်ပုဒ်ကိုလား ပုံတစ်ပုံကိုလား အမျိုးသမီးတစ်ယောက်ကိုလား သူမကိုယ်တိုင်ဝေခွဲမရသေး။

"ဘာလို့ ငါသူ့ကိုမျှော်နေတာများလဲ"

ကျောပိုးအိတ်ထဲက စာအုပ်ကိုနှိုက်နေရင်း မျက်ခုံးတွေကျုံ့ပြီး TaeYeon ရေရွတ်လိုက်တယ်။ အချစ်ကို သူမ မခံစားဖူးဘူးပြောရင် လိမ်ရာတော့ကျမပေါ့။ လက်တွေ့ကျကျ မခံစားဖူးတာကလွဲရင် ကဗျာတွေရေးတတ်တဲ့သူမဖို့ အချစ်ဆိုတာ ဘောပင်အဖျားနဲ့စာရွက်ရဲ့ထိတွေ့မှုကြား လှလှပပပေါ်လာတဲ့ နှလုံးသားရဲ့စာကြောင်းတွေပဲ ဖြစ်တယ်။

အခု သူမက မနေ့ကတွေ့ခဲ့တဲ့မိန်းမကို သတိရနေတာဆိုရင်
ဒီသတိရမှုကို လက်ခံပြီး ထိုင်နေလိုက်မယ်။ ခံစားချက်ကို အတင်းထိန်းချုပ်ဖို့အတွေးဆိုတာ TaeYeon မှာမရှိဘူး။ လူဆိုတာ ကိုယ့်ခံစားချက်ကိုတောင်ငြင်းဆန်နေရင် ဘယ်လိုဘဝကိုတည်ဆောက်ကြမလဲ။ ဒီလိုပဲ...TaeYeon တွေးထားမိတယ်။

🌻

အသွေးထဲအသားထဲ ဘယ်လိုမေတ္တာမျိုးကို
ရိုက်သွင်းထားရမလဲ သိချင်တယ်
လူဟာ လူကို ချစ်မိရင် အဖြူစင်ဆုံးပါပဲ
သတိရမှုက မိန်းမကိုမှ ယောက်ျားကိုမှ ဘာလို့ခွဲနေမလဲ?

မွန်းတည့်ချိန်ဖြစ်လို့ သူမ ခေါင်းတည့်တည့်ထိုးနေတဲ့ နေရောင်ကို မျက်လုံးတွေမှိတ်ခါနီးထိ မှိတ်ရင်း မော့ကြည့်လိုက်တယ်။ ပြီးတော့ လက်ထဲက စာအုပ်ကိုလဲ ပြန်ငုံ့ကြည့်လိုက်မိတယ်။ TaeYeon ဘာပုံမှလဲ မဆွဲရသေးသလို ၊ ဘာစာမှလဲ မရေးရသေးဘူး။ ပြီးတော့ ... ဟိုအမျိုးသမီးလဲ မလာခဲ့ဘူး။

ဖိနပ်ကို ခုံအောက်မှာချွတ်ပြီး ကျကျနနထိုင်နေတာမို့လို့ ခုံပေါ်ကဆင်းပြီး ဖိနပ်ကိုဖြစ်သလိုထိုးသွပ်စီးလိုက်တယ်။ ကျောပိုးအိတ်ကို ကြိုးတစ်ဖက်ကနေ တရွတ်တိုက်ဆွဲပြီး ဒီပန်းခြံထဲကနေ အခုပဲထွက်သွားလိုက်ဖို့ စတင် ခြေလှမ်းလိုက်တယ်။

• A Poem Titled "You" •Where stories live. Discover now