💝5💝

20.6K 1.4K 21
                                    

*****Zaw&Uni*****

*****Zawgyi*****

Sandi
အနားမှာရှိသော ထူးပန်ကိုတစ်ချက်ကြည့်၍ ဘေးသို့အသာ တိုး၍ ခွာလိုက်ပြီးမှ လည်ချောင်းတစ်ချက်ရှင်းကာ......

"အဟမ်း....!တကယ်က သူက တခြားသူမဟုတ်ပါဘူး
သူက စိုင်းဟိန်းထက် သူငယ်ချင်း"

"ကျွန်တော့် သူငယ်ချင်း.......?
ကျွန်တော့်သူငယ်ချင်းတွေထဲမှာ အဲလိုလုပ်တဲ့သူမရှိပါဘူး အစ်မထပ်ပြီး ဂျင်းမိပြီထင်တယ်"
စိုင်းစကားကြောင့် စန္ဒီ နင်သွားရသည်။

"ဒါပေမဲ့ အစ်မ ဒီတစ်ခါ သူနဲ့ VC လဲပြောပြီးပြီ
မင်းတို့ အုပ်စုလိုက်ရိုက်ထားတဲ့ပုံတွေလည်းကြည့်ပြီးပြီ  ဒီတစ်ခါက သေချာတယ် ပြီး သူကလည်း
ခုလို သူများ အကောင့်တခါမှ ယူမသုံးဖူးဘူးတဲ့.....
ခု ယူသုံးမိတာက အမက Korea&Chiness က Idol တွေ ကို Crazy အရမ်းဖြစ်တော့ သူ ခုလိုလုပ်မိတာပါတဲ့"Sandi ဆီက ရှင်းပြချက်ကို နားထောင်ပြီး ထူးပန်နားမလည်တာ တစ်ခုမေးလိုက်သည်။

"နေပါအုန်း နင် Idol ရူးတာနဲ့ 
သူလိမ်ရတာက ဘာဆိုင်လို့လဲ....?"

"ဒီလိုလေဟာ......သူ့Acc အစစ်နဲ့လည်းငါက ဖရန့်ဖြစ်ထားတယ်ဟ အဲ့အကောင့်နဲ့လည်း
စကားနည်းနည်းပါးပါး ပြောဖူးတယ် အဲ့မှာ သူက ငါ့ကိုမေးဖူးတယ် ချစ်သူရှာတဲ့အခါ ဘယ်လိုလူမျိုးရွေးမှာလဲလို့ ငါက ငါ့ Idolတွေလို Type မျိုးရွေးမှာလို့
Idol တွေလောက် မချောရင်တောင် Idol တွေလို ချောတဲ့သူတော့ဖြစ်ရမယ်လို့လေ အဲဒီတော့ သူက စိုင်းဟိန်းထက် ပုံတွေ ယူသုံးပြီး ငါနဲ့ ဇာတ်လမ်းစတာပေါ့ ငါက Fake Accကြ " စိုင်း"ပုံနဲ့ဆိုတော့ ရုပ်ကအရမ်းချောနေတော့ စကားကောင်းကောင်း ပြန်ပြောဖြစ်တယ်လေ ပိုပြီးလည်း ရင်းနှီးခဲ့တယ်သူ့အကောင့်ကြ Rp ပြန်ဖြစ်တဲ့အခါရှိသလို မပြန်ဖြစ်တဲ့အခါတွေလည်း ရှိတာကိုး အဲလိုနဲ့ သူက အဲအကောင့်နဲ့ပဲ ငါနဲ့ ချစ်သူဖြစ်ခွင့် ရဖို့ ငါ့အချစ်ကို လိမ်ယူခဲ့တာ ဖြစ်သွားတာ....."

Sandi က အရှည်ကြီး ရှင်းပြလိုက်ရလို့မောသွားတာနဲ့ ရေသောက်ဖို့ ရေဘူးလေး ယူကာ ရှိသေး......
ထူးပန်က ပြန်ဆွဲ ယူလိုက်ပြီး.......

"အဲဒီတော့ နင်က အခု အဲကောင်ကိုမဖြတ်နိုင်ဘဲ ဆက်တွဲအုန်းမယ်ပေါ့ နင့်ကိုတစ်ခါ လိမ်ဖူးတဲ့သူကိုလေ ။တစ်ခါလိမ်ဖူးရင် နောက်လည်း အကြိမ်ကြိမ် လိမ်တော့မှာပဲ သူလိမ်ခဲ့တာကလည်း အသေးမွှား မဟုတ်ဘူးနော် Mi Sandi.....နင် အရူးလား"

မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)Where stories live. Discover now