💝18💝

19.4K 1K 46
                                    

*****Zawg&Uni*****

*****Zawgyi*****

စိုင်း အိမ်ပြန်ရောက်တော့ ရေချိုးခန်းထဲဝင်ပြေးပြီး နောက်တစ်ကြိမ်ကိစ္စ ပြီးရသေးသည်။ထိုအခါမှ သူ့ကောင်လေးက အားရကျေနပ်သွားသည်။ထူးပန်မှာလည်း ရေချိုးခန်းထဲဝင် ၍ ညစ်ပတ်နေပြီဖြစ်သော ကိုယ်ကို သန့်ရှင်းသွားစေရန် ရေချိုးလိုက်သည်။နောက် ဆပ်ပြာတိုက်ရင်း မှန်ထဲမှ သူ့ပုံစံကိုကြည့်ပြီး ရှက်မိတာလို၊ကြည်နူးမိတာလိုလို၊ဖော်မပြတတ်သာ ရင်ခုန်လှိုက်ဖိုမှုများ နဲ့ စိုင်းရဲ့ ကိုက်ရာခဲရာတွေနဲ့ ပြည့်နေတဲ့ လည်တိုင်တစ်လျှောက် ကို အသာလေး ပွတ်သပ်နေမိသည်။

သူ့ညာဘက် လည်ပင်းနားက ကိုက်ရာ တစ်ခုမှာဆို သွားရာတွေတောင်ထင်ကျန်၍ သွေးနီလေးတွေစို့နေသည်။ဒါ စိုင်းသူ့အိမ်ကျီထဲ လက်ဝင်စဉ်က သူတား၍ စိုင်းကိုက်လိုက်သော အရာဖြစ်မည်။နောက် သူ့ပုခုံးတစ်ဖက်မှာလည်း ထိုပုံစံအတိုင်း ကိုက်ရာတစ်ခု ဒါက ပို၍ နက်ပြီး....ထိတာနဲ့နာသည်။ဒါက စိုင်းပြီးသွားတုန်းက ကိုက်ခဲ့တာ ။
*ခွေးကောင်လေး တကယ်ပေါက်အောင်ထိ ကိုက်တယ် နာလိုက်တာ*

[အော်.....ခုမှ နာရကောင်းမှန်းသိတယ်နော် အဲတုန်းကကြသာယာနေခဲ့ပြီး...🤭]

ထူးပန်တစ်ယောက် ၅ရက်လောက် လည်ပင်းဖုံးတဲ့ ဆွယ်တာတွေချည်းဝတ်ရပြီး နေ့လည်အအေးပေါ့တဲ့ အချိန်မှာတောင် မချွတ်ရဲခဲ့။ဒီကြားထဲတောင်
ဒင်းလေးက တွေ့ရင် လစ်ရင်လစ်သလို ကဲချင်သေးသည်။

သူတို့ First Date ပြီး နောက်ရက် သူ စိုင်းနဲ့ ကျော်ကြီးကို အိမ်အလည်ဖိတ်ခေါ်ပြီး နေ့လည်စာ ကျွေးတော့ မေမေက စိုင်းကို မြင်မြင်ချင်း ချစ်သွားသည်။သားလေး သားလေးနဲ့ ပါးစပ်ဖျားကကို မချသော မေမေ့ကြောင့်လည်း ဒင်းက မြောက်ကြွကြွဖြစ်ကာ ရောင့်တက်ချင်သည်။ထူးပန်တစ်ယောက်ထဲ အခန်းသန့်ရှင်းရေး လုပ်နေရင်း သူ စိတ်တွေတိုလာသည်။

ဘယ်နှယ့် အခန်းလေး ရှင်းတာ တစ်နေကုန်တော့မည်။ဘယ်တုန်းကမှ ကိုယ်တိုင်မလုပ်ခဲ့ဘူးပဲ အခုမှ အထူးဆန်းလုပ်နေရတာက စိုင်းရဲ့ ဂျီကျမှုကြောင့်သာ ။မေမေဆိုင်သွားသည်နဲ့ ရောက်လာတတ်သော စိုင်းက တစ်နေကုန် အိမ်မှာပဲနေသည်။ခုဆို ဒေါ်တူးတောင် နေ့လည်စာကို တစ်ယောက်စာ ပိုချက်နေရပြီ။

မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)Where stories live. Discover now