💝7💝

18.7K 1.5K 67
                                    

*****Zaw&Uni*****

*****Zawgyi*****

ထူးပန် တစ်ယောက် ဒီ​ နေ့တစ်နေကုန် နေမထိထိုင်မသာ ဖြစ်နေရသည်။အကြောင်းမှာ ခါတိုင်းဆို သူ့ကို အမျိုးမျိုး နှောက်ယှက်ကာ ဒုက္ခ ပေးနေသော စိုင်းဟိန်းထက် ကြောင့်ပင်။သူ စိုင်းဟိန်းထက်နဲ့ စပက်သက်မိသည့်နေမှစ ဒီကြားထဲ နေ့တိုင်း သူလိုင်းတက်သည်နှင့် VC ခေါ်ကာ နှောက်ယှက်သည်။

ထိုကြောင့် သူဘလော့သော အခါ အခြားအကောင့်များနှင့် နှောက်ယှက်သည်။Messenger ပိတ်ထားလည်းComments များတွင် ပေါက်ကရရေးကာ သူ့ကိုရန်စသည်။စိတ် ဒုက္ခ ပေးပြန်သည်။သူ့မှာ အရှက်ကွဲရသည်။သူ့မှာ ခုတလော ဘာပုံမှ မတင်ရဲတော့သလို ဘာ Status မှလည်းမတင်ရဲ။ K Drama ကားများတင်သည့် Post မှာတောင် အလွတ်မပေးသော ဒင်းကြောင့် သူ ဘလော့ဖြည်ပေးထားရကာ ဒင်းကို တစ်နေ့တစ်နေ့ သူ့ရဲ့ ရွှေ မျက်နှာတော်ကို မော်ဖူးခွင့်က ပေးရသေးသည်။

ထိုမျှမက ဒင်းရဲ့ အရည်မရအဖတ်မရ စကားများကိုလည်း နားထောင်၍ ဖြစ်လိုက်ရတဲ့ ဒေါသ များကြောင့်​လည်း ကြာရင်တော့ သူ အသက်တိုရတော့မည်။ဒီကြားထဲ ကျော်နိင်စိုးနဲ့ လုံးပုမကပါ ဝင်ဝင်ဖောက်တတ်သေးသည်။မိမိတို့ အကောင့်ထဲရှိ လူများမှာလဲ မိမိတို့ လေးယောက်ကို အတော်သတိထားမိနေကြပြီ။ဒီတစ်လအတွင်းကိုပင် ဒင်းရည်းစားဟောင်းဆိုသူများ၏ ငိုချင်းများကို သူ နားများအူ သည်အထိ နားထောင်ပေးခဲ့ရပြီးပြီ။

ဒင်း နဲ့ပက်သက်မိတာ သူ့အတွက် ဘာကောင်းကျိုးမှ မရှိရုံမက ဆိုးကျိုးများသာ ကြုံနေရသည်။ထိုမျှအထိ သူ့ကို စိတ်အနှောက်ယှက်ပေးသောသူက မနေ့ကတည်းကနေ ခုထိ လိုင်းတက်မလာ။သူ့အကောင့်ထဲဝင်ကြည့်မိတော့ 1day ago ဖြစ်နေသည်။သူ့ကြောင့်အမြဲအနှောက်ယှက်ဖြစ်ကာ စိတ်တိုရသော်လည်း ခုလို ပေါ်မလာ
ပျောက်နေတော့လည်း သူ့မှာ နေမထိထိုင်မသာ ဖြစ်နေရခြင်းပင်။သူ.....ဘာများဖြစ်လို့လဲ ?နေများမကောင်းလို့လား တစ်ခုခုများ ဖြစ်နေသလားဟု မဆီမဆိုင် စိတ်ပူနေမိသည်။

သူတစ်နေကုန်လိုင်းဖွင့်ထားသော်လည်း အရင်လို NF ပွတ်၍ Drama ကားများ ကြည့်ဖို့တင်ဖို့ပင် စိတ်မပါ။သူ တစ်စုံတစ်ယောက်ဆီက ဝင်လာမဲ့ မက်ဆေ့လေးသာ မျှော်နေမိသည်။

မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)Where stories live. Discover now