💝9💝

18.3K 1.4K 63
                                    

*****Zawg&Uni*****

*****Zawgyi*****

သူတို့ ကစားကွင်းကို ရောက်တော့ကျော်ကြီးနဲ့ Sandi က အတူပြေးလာကြိုသည်။ကျော်ကြီး က စက်ဘီးနောက်မှ စိုင်းအခြေနေကို မြင်တော့.....

"ဟင် !ငစိုင်း
မင်း.....ဒါဘယ်လိုဖြစ်လာတာလဲ "မေးပြီး ထူးပန်ကို မော့ကြည့်လာသည်။စိုင်းက

"ငါ စက်ဘီးမစီးတာကြာလို့ လဲလာတာ "ထူးပန် မယုံဘူးဆိုသည့် ကျော်ကြီးရဲ့ မျက်ဝန်းတွေကို သူခံစားမိသည်။အမှန်တကယ်လည်းသူ့ကြောင့် ဖြစ်ခဲ့ရသည်မို့.....

"ငါ...တွန်းလိုက်တာ
ဒီလောက်ထိ ဖြစ်ဖို့ မရည်ရွယ်ပေမဲ့
သူက ငါ့ကို စိတ်မတိုတိုအောင် အရင်ရန်လာစတာ"သူတို့ထက် ၃နှစ်သာ ကြီးသည့် ရင့်ကျတ်ချင်ဟန်ဆောင်ကာ တကယ်တမ်း မရင့်ကျတ်သေးပါသော ၊သူတို့ထက် ပို စိတ်ဆတ်ပါသော ဆုထူးပန်ကို စိုင်း ကတော့ အပစ်မမြင်သည့်အပြင် ချစ်ခင်နေပေမဲ့ ကျော်ကြီးကတော့

"သူ ဘယ်လိုပဲ စသည်ဆိုအုန်းတော့
ဒီလောက်ထိဖြစ်အောင် လုပ်ဖို့တော့ မလိုဘူးထင်ပါတယ်ဗျာ"
စိုင်း....သူ့ကို စက်ဘီးပေါ်မှ တွဲချပေးရင်း မကျေနပ်နိုင်ဖြစ်နေသော ကျော်ကြီးကို သူအသာ ခေါင်းယမ်း၍ ဆက်မပြောရန်တားရသည်။

ထူးပန်မှာလည်း သူ့အပစ်ကြောင့် စိတ်မကောင်းဖြစ်နေရှာကာ မျက်နှာမကောင်းပေ ။Sandi က ကျော်ကြီးကို မျက်စောင်း အသာထိုးရင်း

"ကျော်ကလည်း ဒါမတော်တဆ ဖြစ်ခဲ့ကြတာနေမှာပါ....။
ထူးပန်လည်း ဒီလောက်ထိ ဘယ်ရည်ရွယ်မလဲနော်
ကာယကံရှင်ဖြစ်တဲ့ စိုင်းကတောင် ဘာမှမပြောပဲ ဘယ်လိုဖြစ်နေတာလဲ"Sandi ကပြောလာသည်မို့ ကျော်ကြီး လည်း ငြိမ်သွားကာ ထူးပန်ကို မကြည်ကြည့်သာ ပေး၍ စိုင်းကိုတွဲပြီး ခုံတန်းလေးမှာ ဝင်ထိုင်လိုက်သည်။

ခုံတန်းလေး ထက်ဝယ် Sandi က စိုင်းဘေးမှာ ဝင်ထိုင်လိုက်ပြီး ဒဏ်ရာများကိုကြည့်နေသည်။

ထူးပန်ကတော့ စက်ဘီးကိုမှီ၍ သာရပ်နေသည်။ စိုင်း သူ့ရှေ့ရှိ ညိုသော အသားထက် ချောမောသော မျက်နှာနဲ့ ပါးရိုးများက လေးထောင့်ဆန်ကာ တည်ကြည်ခန့်ညားခြင်းများနဲ့ ထိုလူသားကို မြတ်နိုးမဝစွာ ငေးကြည့်နေသော်လည်း......

မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)Where stories live. Discover now