💝33💝

8.6K 591 21
                                    

*****Zawgyi******

စိုင်းကတော့.....စကားမပြန်ပဲ သူ့ကိုကြည့်ကာ အတွေးလွန်နေဟန်ရှိသည့် မေမေ့ကို.........

"မေမေ......ဘာတွေအဲလောက်စဉ်းစားနေတာလဲ
၁၀ နာရီလောက်မှ ထွက်ရအောင်လို့ .....နော်....မေမေနော်......ဟိုကောင်ကျော်ကြီးကလည်း ဒီချိန်ဆို ဘယ်လောက်နှိုးနှိုး နိုးမှာမဟုတ်ဘူး.....ပြီးတော့ ဖေဖေက မေမေပြောရင် ရပါတယ် မေမေရာ....နော်.....နော်" ဆိုကာ လက်မောင်းကို အသာကိုင်လှုပ်၍ တောင်းဆိုနေကာမှ သတိပြန်ဝင်လာသည်။ဇွတ်ကော အတင်းကောကို အချိန်ဆွဲချင်နေသေးသည့် သားငယ်ကြောင့် သူမလည်းသက်ပြင်းအသာချကာ......

"ဟုတ်ပြီ.....ပြောပါအုန်း....
သားက ဘာလို့ အဲချိန်ကြမှ သွားချင်ရတာလဲ.....
ဘာလုပ်စရာရှိသေးလို့လဲ.....ဆိုတာ....."

"ဟီး......သား....ကိုကိုနဲ့ မြို့ထဲခနသွားချင်သေးလို့......ပီး ဟိုကောင်တွေတွက်လည်း လက်ဆောင်လေးဘာလေး ဝယ်ချင်သေးတယ်လေ....သားပြန်လာပြီး
သူတို့ဖို့ ဘာမှမပါရင် ဒီကောင်တွေက လွယ်တာမဟုတ်ဘူး မေမေလည်းသိရဲ့....."ဆိုကာ သားငယ်ရဲ့ ထူးပန်နဲ့အတူရှိချိန်ကို မရမက ဆွဲဆန့်ကာ နေလိုဟန်ကြောင့် သူမ သက်ပြင်းအသာချမိရသည်။

နောက် သူမဆီကခွင့်ပြုမှုကို မျှော်လင့်တကြီး စောင့်ဆိုင်းနေရှာတဲ့သားကို သူမ ခွင့်မပြုဘဲငြင်းလိုက်ချင်ပေမဲ့ သွားခါနီးလာခါနီး သားကိုစိတ်မညစ် စိတ်မပျက်စေချင်။ဒါကြောင့် နားလည်လိုက်လျောပေးလိုမှုနဲ့အတူ ခေါင်းအသာညိတ်လိုက်မိချေပြီ။

စိုင်းပြောတဲ့ဟိုကောင်တွေဆိုတာ....လွင်မင်းညိုတို့ ငဖြိုးတို့ အောင်ကြီးတို့ကို ရည်ညွှန်းပြောခြင်းသာ။သူတို့က ကျော်ကြီးလို ငယ်ပေါင်းမဟုတ်ပေမဲ့ အလယ်တန်းထဲက ပေါင်းဖြစ်ခဲ့ကြတဲ့ကောင်တွေပင်။ကျော်ကြီးလောက် မရင်းနှီးမပေါင်းဖြစ်သော်ငြား....ဒီကောင်တွေနဲ့လည်းအထိုက်လျောက်တော့ ပေါင်းဖြစ်သည်။

ပြီး ဒီကောင်တွေကလည်း သူတို့လို ဂိမ်းသရဲတွေမို့ ယခုချိန်ထိ တွဲဖက်တော့ညီစဲ..... ။အောင်ကြီးကတော့ မဆော့ပေမဲ့ သူနဲ့လည်းလက်တွဲကတော့ မပြတ်ဖြစ်ခဲ့ကြ။ဂိမ်းကလွဲ တခြား ဆိုးဖော်ဆိုးဖက်ခြင်းက ညီသည်လေ...။သူတို့အဖွဲ့မှာဆို သူနဲ့ အောင်ကြီးက မိန်းကလေးတွေကြား ရေပန်းအစားဆုံးမလား.....။ခုတော့ သူတောင်ကြီးမှာမရှိတော့ အောင်ကြီးက King ဖြစ်နေကြောင်းလဲ ကြားရသည်။

မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)Where stories live. Discover now