💝50💝

11.8K 930 252
                                    

******Zawgyi*****
ဒီလိုနဲ့ထူးပန်စိုင်းနဲ့ပါလာခဲ့ရပြီး.....

စေ့စပ်ပွဲရက်မှာတော့ စိုင်းနဲ့ကျော်ကြီးနှစ်ယောက်သား မိုးလင်းကတည်းကကြိတ်ကြိတ် ကြိတ်ကြိတ်နဲ့ဘာတွေလုပ်နေမှန်းမသိသလို.....ငြိမ်းသည်လည်း ထူးပန်ကိုသာ မျက်စိဒေါင့်ထောက်ကြည့်နေတာကြောင့် ထူးပန်စိတ်အညစ်ကြီးညစ်ကာ ခံစားချက်တွေပါ ရှုပ်ထွေးနေတော့သည်။စေ့စပ်ပွဲအခမ်းနားကို စိုင်းအလိုကျ သူတို့အိမ်မှာပင် ညနေမှ ဒင်နာသဘောမျိုးကျင်းပမှာဖြစ်သည်။

သူ့ကိုဘေးမှာထားပြီး ဘာမှမဖြစ်သလို ပွဲအပြင်အဆင်ကိုကြည့်ပြီး
"ကိုကို ဘယ်လိုလဲ မိုက်ရဲ့လား"ဆိုကာကျေနပ်နေတဲ့ စိုင်းကြောင့်နာကျင်နေသည့်ကြားက ငြိမ်းဆွဲခေါ်ရာနောက်ပါလာရပြန်သည်။သူ့မှာ အသက်ရှုလေးချောင်မယ်ရှိသေးငြိမ်းက ဘယ်တုန်းကဘယ်လိုစီစဉ်ထားမှန်းမသိတဲ့ Suit ,စိုင်းနဲ့အရောင်ရောဒီဇိုင်းပါတူနေတာကြီးကိုအတင်းဝတ်ခိုင်းနေပြန်သည်။ဒါကြောင့်......ငြိမ်းနဲ့ပါစကားများရပြီး နောက်ဆုံးတော့ ထို Suitက သူ့ကိုယ်ပေါ်မှာနေရာယူပါသည်။

တစ်နေ့လုံး အနားမှာကပ်နေခဲ့သူက အခုတော့ညနေ၄နာရီလောက်ကတည်းက မတွေ့ရတော့ချေ။

*ဪ....ခုချိန်ထိအနားမှာရှိနေစေချင်သေးတာလား ထူးပန်ရယ် မင်းတကယ်ရူးနေပြီပဲ....*

ဒီလိုနဲ့ တစ်ဦးစနှစ်ဦးစ ရောက်လာသောဧည့်သည်တော်တွေနဲ့ အချိန်အတော်ကြာလာတော့ လူလည်းအတော်ပင်စည်လာခဲ့သည်။ထိုအခါ ငြိမ်းကထူးပန်ကိုခေါ်ကာ စေ့စပ်လက်စွပ်လဲလှယ်ပြီးမိန့်ခွန်းပြောမည့်စင်ရဲ့ ရှေ့ထောင့်စွန်းဝိုင်းမှာထိုင်စေသည်။စေ့စပ်ပွဲကလဲ ခမ်းနားလိုက်တာများ Wedding Dinner ပွဲထက်တောင်ခမ်းနားနေသလိုလို။

အေးပေါ့လေ နှစ်ဖက်လုံးက အသိုင်းဝိုင်းကြီးတွေပဲ ဒီလောက်ရှိမှာပေါ့...။သူ လှပခမ်းနားစွာစည်ကားနေတဲ့ တစ်ခြံဝန်းလုံးကိုလိုက်ကြည့်နေမိစဉ် ဝင်လာသော ကား၃စီးတန်းမှ ရှေ့ဆုံးကားဖြူလေးပေါ်မှ ဆင်းလာသူက ဖူးပွင့်သော်။

ဒီညရဲ့နတ်သမီးလေးလို့ ပြောစရာမလိုအောင် အဖြူရောင်ဂါဝန်နောက်တွဲရှည်လေးနဲ့ လှပလွန်းနေသည့်သူမကို ငေးကြည့်အားကျနေသူတွေထဲမှာ ထူးပန်ပါအပါအဝင်။သူမကတော့ လှပဝံ့ကြွားစွာ အပြုံလေးဝင့်ရင်း တစ်လှမ်းချင်းလှမ်းလာကာ ပွဲလမ်းရဲ့ တစ်ဘက်ခြမ်း ရှေ့ဆုံးဝိုင်းမှာ သူမမိဘတွေနဲ့အတူဝင်ထိုင်သည်။နောက် စိတ်လှုပ်ရှားပျော်မြူးနေသည်က သူမမျက်နှာလေးထက် အထင်အရှား....။

မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)Where stories live. Discover now