💝25💝

11K 771 45
                                    

*****Zawgyi******

ထူးပန် အိမ်ပြန်ရောက်တော့ အတော်ကြာသည်အထိ ကားထဲမှာပဲ ထိုင်နေမိသည်။ပြီးနောက် သူ့ရင်ခွင်ထဲ ကလေးတစ်ယောက်လိုပဲ အိပ်ပျော်နေရှာတဲ့ စိုင်းကို အသာပွေ့ချီ၍ အပေါ်ထပ် မိမိအခန်းသို့သာ ခေါ်ဆောင်လာခဲ့သည်။စိုင်းကတော့ တစ်ချက်လေးတွန့်ရုံသာ တွန့်ပြီး မိမိလည်တိုင်ကို ခိုတွဲ၍ပင် အိပ်ပျော်နေဆဲ....။

အခန်းထဲရောက်တော့ သူ စိုင်းကို မွေ့ယာထက် အသာလှဲသိပ်ပြီးသည့်တိုင်အောင် သူ့လည်ပင်းကို တင်းတင်း ဖတ်တွယ်ထားဆဲ စိုင်းလက်လေးတွေကို သူမနိုးအောင် မနည်းဖြုတ်ယူလိုက်ရသည်။ဒါတောင် သူ့အကောင်ပေါက်လေးက အိပ်နေလျှက်နဲ့ပင် နှုတ်ခမ်းစူသွားသေးသည်ရယ်....။ဒါကို ထူးပန် သဘောတကျ ရယ်နေမိပြီးမှ စိုင်းရဲ့တီငယ် ၊တီနန်းဆီဖုန်းဆက်၍ စိုင်း မိမိဆီမှာ အိပ်ဖြစ်သည့်အကြောင်း လှမ်းအကြောင်းကြားရသည်။

တီနန်းကလည်း ထိုအခါမှ စိတ်ချသွားဟန်တူပါသည်။နောက် ထူးပန် မျက်နာ သစ် ကိုယ်လက်သန့်စင်ပြီးနောက် စိုင်းရဲ့ ရှူးနဲ့ ခြေအိတ်တွေကို ချွတ်ပေးပြီး...သူ့ဘေးနားဝင်လှဲရုံရှိသေး....လူပေါ် အတင်းခွတက်လာပါသော အကောင်ပေါက်......။မျက်လုံးသာ မဖွင့်တယ် လူပေါ်ခွတက်၍ ခွေးပေါက်လေးတွေလို ဟိုဟိုဒီဒီ လိုက်နမ်း၊ရှိုက်နမ်းရင်းကပင် တစ်ဖန် အိပ်ပျော်သွားပြန်တဲ့ခွေးပေါက်လေး....။ထူးပန် ငြိမ်သွားပြီဖြစ်တဲ့စိုင်းကိုယ်လေးကို ဘေးသို့ အသာပြန်လှဲချလ်ုက်ပြီး....တစ်ကိုယ်လုံးကို ရင်ခွင်ထဲ ထွေးဖက်၍ *ဒီညတော့ ဘာမှ မတွေးတော့ပဲ အိပ်ကျရအောင် မောင်....ချစ်တယ်*။

စိုင်းမနက်အိပ်ယာနိုးတော့ လူတစ်ကိုယ်လုံးက ကောက်ညှင်းထုပ်အလား ကိုကို့ရင်ခွင်ထဲ ဝပ်နေသည်။ကိုကို့ရင်ခွင်ကလေ ပြောလို့ပြောတာမဟုတ်ဘူး တကယ်ကိုကျယ်ပြနြ့ပီးနွေးထွေးတာ....။ဒါ့ကြောင့် ဒီရင်ခွင်က သူ့အတွက်ပဲ.....တခြားဘယ်သူမှ ခိုဝင်ခွင့်မရှိတဲ့သူ့အပိုင်ရင်ခွင်ကျယ်ပါ....။စိုင်း အတွေးနဲ့တင်ကြည်နူးစွာ ပြုံးနေမိသည်။ပြီး....ကိုကို့ရင်ခွင်ထဲကနေခေါင်းလေးမော့ပြီး အိပ်မောကျနေဆဲ ကိုကို့ရဲ့ မျက်နှာအစိတ်ပိုင်း တစ်ခုချင်းစီကို အသေးစိပ် ငေးစိုက်ကြည့်နေမိသည်။

မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)Where stories live. Discover now