💝12💝

17.6K 1.3K 39
                                    

*****Zawg&Uni*****

*****Zawgyi*****

"ကိုကို....!"

စိုင်းအိမ်မက်ကနေ လန့်အော်ပြီး နိုးလာခဲ့သည်။သူ့မျက်နှာတစ်ခုလုံးလည်း မျက်ရည်တွေက ရွှဲနစ်နေသည်။သူ့ အိမ်မက်ထဲမှာ ကိုကိုနဲ့ ဟိုလူကြီးက ပျော်မြူးနေသည်။သူဘယ်လောက်အော်ခေါ် နေပါစေ ကိုကိုက လှည့်မကြည့် ပဲဟိုလူကြီး လက်ကိုဆွဲ၍ ပြေးထွက်သွားသည်။စိုင်း ရင်တစ်ခုလုံး မွန်းကျပ်နာကျင်ကာ အသက်ရှုမဝသလို
ခံစားနေရသည်။

*မဖြစ်ဘူး.....မဖြစ်ဘူး...ကိုကို
ကိုကိုသာ ကျွန်တော့်ကို တကယ်ထားခဲ့မယ်ဆို ကျွန်တော် သေသွားလိမ့်မယ် *

စိုင်း ဘေးနားက ဖုန်းကို ယူကြည့်တော့ မနက်လေးနာရီ။သူဆက်အိပ်လို့မရတော့တာနဲ့ မျက်နှာသစ်ကာ ချမ်းချမ်းအေးအေး ဒီဇင်ဘာရဲ့ မနက်ခင်းစောစောမှာ မီးခိုရောင် မာဖလာလေးကို ပတ်ပြီး အတွင်းက ဆွယ်တာ နီညိုရောင်ကိုဝတ်၍ နက်ပြာရောင်
ကုတ်အရှည်ကို ထပ်ဝတ်လိုက်သည်။

သူ... စိတ်တိုင်းကျပြင်ဆင်ပြီး နာနေသော ခြေထောက်ကို ဖော့နင်းကာ တီလေးရဲ့ စိမ်းပြာရောင် စပ်ကြား စကိုဘီ ဘီးလေးကို စီး၍ ထွက်လာခဲ့သည်။နောက်ကိုကို တို့ အိမ်ရှေ့ လမ်းမီးတိုင်လေးအောက် ရပ်ကာ ကိုကိုရှိမည်ထင်ရသော အခန်းလေးကို မှန်းဆလှမ်းငေးနေမိရင်း........

👉👉👉တူ.....တူ......တူ......

ထူးပန် စောင်ပုံထဲ ခေါင်းမြီးခြုံ၍ ကွေးကောင်းကာ အိပ်မောကျနေစဉ် အဆက်မပြတ်မည်နေသော ဖုန်းသံကြောင့် သူ....အလိုမကျစွာ နိုးလာရသည်။နောက်တစ်ကြိမ် ပြန်မည်လာသော ဖုန်းသံအဆုံးမှာ သူဖုန်းကို ယူ ကြည့်လိုက်တော့....
unknown number ဒီအချိန်ကြီး ဘယ်သူလဲဟ....သူမကိုင်ပဲနေတော့ ခနနေတော့ ဖုန်းက ထပ်မြည်လာသည်။ဒါနဲ့......

"hello...."

"ကိုကို....."

*ဟင်....ဒီသောက်ကလေး သူများအိပ်ချိန်ကို နှောက်ယှက်တဲ့ထိတော့ တစ်စိတ် လွန်လာပြီ....*

"ငစိုင်း.....လဒကောင် မင်းရူးနေလား
ဒါလူအိပ်ချိန်ကွ မင်းနားမလည်ဘူးလား
မင်းအဲလောက်တောင် အသိခေါင်းပါးရလား"သူ အဆက်မပြတ်ရန်ပြုမိစဉ် ....
တစ်ဖက်က နှာရှုံ့သံလေးနဲ့အတူ......

မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)Where stories live. Discover now