💝45💝

8.5K 608 168
                                    

*****Zawgyi******

ဖူးပွင့်သော်
အခန်းထဲမှာ ခေါက်တုန့်ခေါက်ပြန်လျှောက်နေမိသည်မှာ အေးစိမ့်နေတဲ့ အဲကွန်းခန်းထဲမှာပင် ချွေးပြန်လာသည်အထိ။ကိုအောင်ကြီးပို့သောမက်ဆေ့အရဆို ဖေဖေလည်းရောက်နေပြီဖြစ်ကာ မကြာခင် စိုင်းမိဘတွေနဲ့အတူ ရောက်လာကြတော့မည်။

သူမ မှန်ထဲမှ မိမိကိုယ်ကိုတစ်ချက်လောက်ကြည့်ပြီး...
အဝတ်များကိုပို၍ ဖရိုဖရဲ ဖြစ်စေကာ ညကဝတ်ဆင်လာသည့် အဝတ်စားများကိုတော့ ကုတင်အောက်ဘေး လုံးချေ ဖြန့်ကျဲထားပြီးဖြစ်သည်။နောက် ဆံပင် လှိုင်းကောက်လေးတွေကိုပါ လက်နဲ့ထိုးဖွ၍ပို၍ ပွယောင်းစေပြီး ကုတင်ထက်ဝယ် အိပ်မောကျနေဆဲ စိုင်းကိုတစ်ချက်ကြည့်၍ အနားသွားကာ စိုင်းဆံပင်အိအိလေးတွေထဲ လက်နဲ့ထိုးဖွပေးလိုက်သည်။

*ယောကျာ်းလေးတစ်ယောက်ရဲ့ဆံပင်က ဒီလောက်ပျော့ပျောင်းနေဖို့လိုလို့လား ပြီးတော့ ကိုယ့်ထက်တောင်ပိုနူးညံ့နေတဲ့ကြည်လင်နေတဲ့ အသားရည် ။တစ်ခါတစ်ခါ သူ့ကိုယ်ပိုင်လက်နက် သွားတတ်လေးကလဲ လက်လက်ထနေတတ်သေးတာ ။ စိုင်း ယူဟာလေ တကယ်အပစ်ပြောစရာမရှိအောင်ပြီးပြည့်စုံနေတဲ့လူသားလေးပါလား။ဒီလိုလူကို တို့မက်မောမိတာ တို့အလွန်လား....😊*

သူမစိုင်းရဲ့ ပါးအိအိလေးတွေကို အသာကိုင်တွယ်မိရုံနဲ့ အဆမတန် မြန်ဆန်လာတဲ့ ရင်ခုန်သံတွေက အထိန်းကွပ်မဲ့ပါသည်။ထိုပါးအိအိလေးဆီ နူးညံ့ညင်သာစွာ ခပ်ဖွဖွလေး နမ်းရှိုက်မိပြန်သည်။

*မကြာခင် ယူကတို့အပိုင်ဖြစ်လာတော့မှာစိုင်း။ပြသာနာတစ်ခုကိုတို့ဖန်တီးထားခဲ့ပြီမို့ ယူ့အတွက်ရင်ဆိုင်ဖို့တော့ လွယ်မယ်မထင်ဘူး ။အဲ့အတွက်အခုလိုကောင်းကောင်းမွန်မွန် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပြီး အားယူလိုက်ပါအုန်း....*နောက်သူမ စိုင်းကိုယ်ပေါ်မှ တီရှပ်လေးကို အသာချွတ်ယူကာ ကုတင်အောက် ပစ်ချထားလိုက်ပြီး စိုင်းကိုသာ တစိမ့်စိမ့်ထိုင်ကြည့်နေလိုက်မိသည်။

"ဒေါက်...ဒေါက်...ဒေါက်...."ဆိုသော တံခါးခေါက်သံ ခပ်တိုးတိုးလေးရဲ့ နောက်မှာ ဖူးပွင့်သော် အလှပဆုံးအနှစ်ခြိုက်ဆုံးသော အပြုံးပန်းလေးတစ်ပွင့် ဖူးပွင့်ခဲ့လေသည်။လက်ရှိအခန်းအခြေနေနဲ့ မိမိပုံရိပ်၊ကုတင်ထက်မှ စိုင်းရဲ့ အနေထားတို့ကို တစ်ချက်ဝေ့ကြည့်ကာ စိတ်တိုင်းကျပီဆိုကာမှ မျက်နှာအမူရာကိုပါ ချက်ချင်းပြောင်း၍ အိပ်မှုန်စုံဖွား အသွင်ဖြင့်ပင် တံခါးသွားဖွင့်ပေးလိုက်သည်။

မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)Where stories live. Discover now