💝17💝(🔞)

28.2K 1.2K 79
                                    

*****Zawgyi*****
(Warning🔞🔞)...

ရုပ်ရှင်ရုံရောက်တော့ တကယ့်ကိုမှောင်၍ ချောင်ကျသော နေရာကို စိုင်းကဦးစွာ ထူးပန်ကို ဆွဲ၍ နေရာယူသည်။တကယ်ဆိုကျော်ကြီးက ရုပ်ရှင်ရုံကို သီးသန့်ငှားထား၍ သူတို့လွတ်လပ်စွာ ကြည့်နိုင်သည်။ဒါကို မှောင်တဲ့နေရာ တမင်ရွေးထိုင်သော စိုင်းအကြံကို သိ၍ ကျော်ကြီးမှာ မစဘဲ မနေနိုင်ဘဲ.......

"ဟျောင့်....ငစိုင်း
ငါရုပ်ရှင်ရုံကို တို့အတွက် သီးသန့်ငှားထားတာပါကွ မှောင်တဲ့နေရာ သွားထိုင်စရာ မလိုပါဘူး
လာခဲ့ ဒီကို ဒီလိုထင်သာမြင်သာ ရှိတဲ့နေရာလာမှပေါ့ မဟုတ်မှလွဲ မင်း ကိုထူးပန်ကို ဘာအကြံနဲ့
အဟွတ်.....အဟွန်....."

"ငုံးမ ဝက် စကားကများပြီ
ငါ့ဟာငါဘယ်နေရာနေနေ ဘာကြံကြံ
မင်းသောက်ပူပါလား"
သူတို့စကားများနေတာကို ထူးပန်မှာ ရှက်လာ၍ နောက်ခုံတန်းမှ ထကာ အလယ်တန်းမှာပဲ သွားထိုင်နေလိုက်သည်။

"ဟင်.....ကိုကို အဲ့မှာ ဘာသွားလုပ်နေတာလဲ
ဒီကိုပြန်လာ"

"မလာချင်ဘူး ဒီကနေပဲကြည့်မယ်"

"အဲ့နားက အေးတယ်လေ ကိုကိုကလည်း"

"ဟင့်အင်....မအေးပါဘူး
ဒီနားကမှ ရုပ်ရှင်ကောင်းကောင်းကြည့်ရမှာ"စိုင်းမှာ မနေသာတော့ဘဲ ထူးပန်အနားပဲသွား၍ ထိုင်လိုက်
ပြီး......

"ကိုကိုကလည်း နောက်မှာ ထိုင်ပါမယ်ဆို
ဒီနားက တွေ့လားအပေါ်မှာ အဲကွန်းနဲ့အေးလိုက်တာ အေးပါတယ်ဆို"ထူးပန် စိုင်းလက်လေးတွေကို ယူကိုင်ကြည့်တော့ ထိုလက်ဖဝါးနုနုလေးတွေမှာ တကယ်ကိုအေးနေသည်။

"တောင်ပေါ်သား ဖြစ်ပြီး ဒီလောက်အေးတာလေးတောင်မခံနိုင်ဘူးလား အအေးကြောက်တယ်လား"

"အွင်....တောင်ပေါ်သားဖြစ်တာနဲ့ အအေးဒဏ်ခံနိုင်ရမှာလား အအေးမကြောက်ရဘူးလားပြော
ပြီးတော့ မောင်တို့က တောင်ကြီးမှာပဲ အမြဲနေရတာမှာမဟုတ်တာ မောင်ငယ်ငယ်လေးထဲက ဖေဖေနဲ့မေမေ တာဝန်ကျတဲ့နေရာ လိုက်နေခဲ့ရတာလေ
မိတ္ထီလာ၊ကူမဲ၊ကျောက်ဆည်၊မကွေး၊မအူပင်၊အများကြီးပဲ နေခဲ့ရဖူးတယ်"

မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)Where stories live. Discover now