💝32💝

9.8K 648 32
                                    

*****Zawgyi******

ဒီလိုနဲ့ ထူးပန်နဲ့စိုင်း အမြဲမခွဲမခွာ အတူရှိခဲ့ကြပြီး စက္ကန့်၊မိနစ်နဲ့ နာရီတွေကို အချိန်ဆိုသည့်စက်ယန္တယားကြီးက တဖြည်းဖြည်းတိုက်စားလာခဲ့သည်။ပြီးနောက်မှာ စိုင်းရဲ့ Sec Year ပထမနှစ်ဝက်သည်လည်း အနှောက်ယှက်ကင်းစွာ ပြီးဆုံးခဲ့ချေပြီ။

Exam ဖြေပြီးနောက်မှာတော့ စိတ်လွတ်ကိုယ်လွတ် အပြတ်ကဲမည်ဟု စိတ်ကူးထားသမျှက မထင်မှတ်ပဲရောက်လာသော စိုင်း ဖေဖေနဲ့ မေမေကြောင့် ပျက်ပြားခဲ့ရသည်။ဒီထက်ပိုဆိုးသည်က ကျောင်းပိတ်ရက်ကို တောင်ကြီးပြန်လိုက်ဖို့ အမိန့်ချမှတ်သည့် ဖေဖေရဲ့ တစ်သွေးတစ်သံတစ်မိန့်ကြောင့် စိုင်းတစ်ယောက် မည်သည့်ခွန်းတုံ့ပြန်စကားမှ မဆိုရဲခဲ့။

ဒါကြောင့် ကိုကိုနဲ့ ခနခွဲရမည့်အရေးတွေးကာ မျောက် မီးခဲဖင်ခုထိုင်မိသလို ဗျာပါဒဝေကာ ဒုက္ခရောက်ရသည်။စိုင်း အထွန့်တက်ရန် ကြိုးစားသေးသော်ငြား တစ်ခွန်းဆို တစ်ခွန်း မိန့်မြွတ်တတ်သည့် ဖေဖေ့ကြောင့် Exam ပြီး ၂ရက်လား သာ ကိုကို့အနားနေခဲ့ရပြီး သူတောင်ကြီးသို့ ပြန်လိုက်ဖို့ဖြစ်လာခဲ့ရသည်။စိုင်း တစ်ယောက်ထဲလားဆိုတော့ မဟုတ် စိုင်းရဲ့ ကောင်းမှုနဲ့ချောဆွဲကာအပါခေါ်ဆောင်မှုကြောင့် ကျော်ကြီးပါ တောင်ကြီးအတူပါခဲ့ရသည်။

ထူးပန်သည်လည်း ချစ်ရသူနဲ့ ခွဲရအုန်းမည့် ကံကြမ္မာကိုသာ အပစ်ဖို့ရင်း ချစ်ရသူနဲ့ အတူရှိခွင့်ရသည့် ထိုနှစ်ရက်မှာတောင် အပြည့်ဝမပျော်နိုင်ခဲ့ပေ။ဖြစ်နိုင်လျှင် သူ့ရဲ့ ဒီအကောင်ပေါက်လေးကို သူ့နှလုံးသားနန်းတော်ထဲတွင်သာ အပီးပိုင် သော့ခတ်သိမ်းထားချင်မိသည်။သို့သော် ယခုလက်ရှိ သူ့အဖြစ်က ဆိုင်သာဆိုင်၊မပိုင်နိုင်သေးသော အဖြစ်ရယ်မို့လား.....။

ချစ်ရသူက အလည်ပါတ်သဘောမျိုးပဲဖြစ်ဖြစ် အတူလိုက်ခဲ့ဖို့ ခေါ်ပါသော်လဲ သူငြင်းဆန်ခဲ့မိရသည်။ထိုကိစ္စကြောင့်လဲ နှစ်ဦးသား စိတ်အခန့်မသင့် ဖြစ်ကြရသေးသည်။နောက်တော့ ခေါင်းမာလှသော သူ့ကို ချစ်ရသူလေးကပင် အလျှော့ပေးခဲ့ရှာပါသည်။သိပ်တော့မကျေနပ်ပေမဲ့ပေါ့......။ဒါကြောင့် စိုင်းတောင်ကြီးပြန်မဲ့နေ့မတိုင်ခင်ညမှာတော့ သူ စိုင်းဆီမှာပဲ အိပ်ဖြစ်ခဲ့သည်။

မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)Where stories live. Discover now