💝11💝

17.7K 1.3K 25
                                    


****Zaw*****

💝 ကိုယ့်ရဲ့ပျက်ကွက်ခဲ့မှုတွေအတွက် စာလုံးရေ
၃၇၄၃ ပုံမှန်ဆို နှစ်ပိုင်းစာ အပ်ပေးလိုက်တယ်နော်
ညကညည့်နက်သွားလို့ ခု....အိပ်ယာနိုးနိုးချင်းကို အပ်ပေးလိုက်တာနော် စိုင်းလေးနဲ့ ထူးပန် ကို အချစ်လျှော့သွားမှာစိုးလို့....ပိုချစ်ကျဖို့ မျှော်လင့်ပါတယ်လိုစ့်🥰💝
****************
ထူးပန် စိုင်းကို တွဲခေါ်လာပြီး သူတို့အိမ်ထဲရောက်တော့ စိုင်းကို ဧည့်ခန်းရှိ ဆိုဖာစီ ပို့ပေးမည်အပြု......

"ကိုကို....."

"ဘာလဲ...."

"အခန်းထဲထိလိုက်ပို့ပေး "ထူးပန် အိမ်ထဲရောက်ကာမှ အရစ်ထပ်တက်လာသော စိုင်းကို သူ့ဒဏ်ရာသာ မများရင် ဆိုဖာပေါ် ပစ်ချခဲ့မိမှာအသေချာ ။ခုက.....

"ဘယ်မှာလဲ.... အခန်းက "

"အပေါ်ထပ်မှာ "ထိုအခါမှ ထူးပန် စိုင်းကိုအရစ်တက်သည်ထင်မိခြင်းအပေါ် အားနာသွားမိသည်။စိုင်းဒီအခြေနေနဲ့ အပေါ်ထပ်ထိ တက်ဖို့ဆိုတာ တကယ်မလွယ်နိုင်။ခုလိုဆောင်းရာသီမှာ
ရတဲ့ဒဏ်ရာက ပိုအထိမခံ ပိုနာ၍ သွေးထွက်လျှင် ပိုစပ်သည်လေ ။ထူးပန် စိုင်းကို သူ့အခန်းထိ လိုက်ပို့ပေးပြီး ထိုင်ခုံ မှာထိုင်စေလိုက်သည်။ပြီးကာမှ.....
ထိုအခန်းလေးကို သူတစ်ချက်ဝေ့ကြည့်လိုက်ပြီး.....

*မဆိုးပါဘူး သပ်၂ရပ်ရပ်တော့ နေတတ်သား ကြည့်ရတာ အသန့်ကြိုက်ပုံရတယ်.....
အခန်းလေးက ရှင်းပြီး သန့်နေတာ ပိုင်ရှင်အတိုင်းပဲ *

စိုင်း....သူ့အခန်းလေးကို ဝေ့ကြည့်၍ အကဲခတ်နေသော ထူးပန်ကို......

"ဘယ်လိုလဲ......ကိုကို....
ကျွန်တော့်အခန်း အနေထားကို ကိုကိုသဘောကျရဲ့လား ကျွန်တော်က ဒီနေ့မှ ရောက်တာဆိုတော့ သေချာ မရှင်းလင်းရသေးဘူး နောက်မှ စိတ်ကြိုက် ပြန်ပြင်ဆင်ရမှာ"

ခုတောင် ဒီလောက်သန့်ရှင်းသေသပ်နေတာကို သေချာမရှင်းလင်းရသေးဘူးတဲ့လား။ထူးပန်သူ့အခန်းကို မြင်စေချင်မိသည်။သူ့အခန်းဆို ဟိုတို့လို့ ဒီတွဲလောင်းနဲ့ ဗြောင်းဆန်နေတာ မေမေ ဘယ်လောက်ရှင်းရှင်း...ရှင်းပြီး
နာရီဝက်မကြာ ပြန်ရှုပ်ပွသွားတက်သော မိမိအခန်းကို သာစိုင်းမြင်လျှင်.....

မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)Where stories live. Discover now