💝36💝

8.6K 632 50
                                    

******Zawgyi******
ကျော်ကြီး
မနေ့က ခရီးပန်းသည်ရော ငစိုင်းကြောင့် ရော တစ်ကိုယ်လုံးညောင်းညာကိုက်ခဲနေတာကြောင့် အိပ်ယာထက် ခေါင်းချလိုက်သည်နှင့် တစ်ချိုးထဲ အိပ်ပျော်သွားခဲ့သည်။မနက်နိုးလာတော့ အိပ်ရေးဝဝအိပ်လိုက်ရသည်ကြောင့် ဖြစ်မယ်ထင် အနည်းငယ် တော့ အပန်းပြေကာ သက်သာရာရသည်။နောက် မျက်နှာသစ်ရင်း ရေပါတစ်ခါထဲ ချိုးလိုက်တော့ လူက အတော့်ကို ပေါ့ပါးလန်းဆန်းသွားသည်။

သူ... စိုင်းအခန်းဆီခနဝင်ကြည့်တော့ ချီးထုပ်လေးက အိပ်နေတာမှ သိုးလို့ရယ်။ဒီတော့ သူလည်း ပင်ပန်းလာတာမို့ နားပါစေအုန်းလေ ဟု မနှိုးတော့ဘဲ ကိုယ့်ဘာသာပဲ အောက်ထပ်ဆင်းလာခဲ့လိုက်သည်။

သူ လှေကားရင်းမှ အောက်ထပ်အခြေနေကို ဝေ့ကြည့်လိုက်တော့ မည်သူမှမရှိ ရှင်းလင်းကာနေသည်။သို့သော် နှာခေါင်းထဲ ဝေ့ပျံလာသော ရနံ့က.... နို့စိမ်းခေါက်ဆွဲဟင်းရည်နံ့.....။

ကြည့်ရတာ တီနန်း......ကိုယ်တိုင်ချက်နေဟန်တူသည်။သူ ထမင်းစားခန်းထဲ ဝင်လာတော့ ထင်သည့်အတိုင်း......တီနန်းတို့မှာ စားပွဲများ အရံသင့်၊အဆင်သင့် ပြင်နေသည်။

သူဝင်လာသည်ကိုတောင် သတိထားမိဟန်မတူ......ဒါနဲ့.....

"တီနန်း.....နို့စိမ်းခေါက်ဆွဲ ချက်နေတာလား...."

"ဪအေး.......သားကျော်ကြီး နိုးပြီလား....
စိုင်းရော......ဒီမှာတီနန်းက သူ့အကြိုက် ရှယ်ချက်ထားတာ.....သားလဲကြိုက်တယ်မလား..."

"ဟီး......သားက ဘာမဆို အကုန်ကြိုက်ပြီးသား...."ကျော်ကြီးအပြောကို ဒေါ်နန်းဝေဝေမြင့် သဘောတကျ ပြုံးမိသည်။

"ဟုတ်ပါပြီ...... သားအခုစားတော့မလား.....
တီနန်းပြင်ပေးမယ်လေ.....ဒါမှမဟုတ်သားငယ်ကို
စောင့်အုန်းမလား.....တီနန်း ဖူးလေးကိုလည်း ခေါ်ထားတယ်......သူလာမှ အတူစားကြမလား...."

"ဟင်!!!ဘယ်က ဖူးလေးလဲ တီနန်း"

"အော်.....သားတို့နဲ့ အတူကျောင်းတက်နေတဲ့ ဖူးပွင့်သော်လေးကို ပြောတာ......သူလည်း ခု တောင်ကြီး ပြန်ရောက်နေတာလေ....."

"တီနန်းက သူနဲ့ဘယ်လိုသိသွားရတာလဲ.....
အရင်က မသိပါဘူး...."

"အင်း.....အဲဒါက...."ပြောနေစဉ် အိမ်ရှေ့ ကားလာသံကြောင့်......

မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)Where stories live. Discover now