💝48💝

9.6K 715 135
                                    

*****Zawgyi******

တစ်ဖန်ပြန်လည်တိတ်ဆိတ်သွားတဲ့ အခန်းငယ်လေးထဲမှာ ဖေဖေက....

"သားဘာဆက်လုပ်မှာလဲ....
ဘယ်လိုလုပ်မယ်စိတ်ကူးထားလဲ....
မဟုတ်သေးဘူး....ဒါကိုအရင်ဆုံးဘယ်လိုဖြေရှင်းမှာလဲ....."

"ဟုတ်တယ် ငစိုင်း....
ခုချိန်က သွေးပူနေရမဲ့အချိန်မဟုတ်ဘူး
သွေးအေးအေးခေါင်းအေးအေးနဲ့
ဘယ်လိုဖြေရှင်းမလဲ ဘာဆက်လုပ်မလဲစဉ်းစားရမှာ"

"သား ကိုကို့ဆီသွားချင်တယ်...."

"ဟုတ်ပြီ သားလိုက်သွားချင်တာကထား
ဟိုမိန်းကလေးကို ကြ ဘယ်လိုလုပ်မလဲ
သူတို့ဘက်ကိုကမဖြေရှင်းပဲ ထားခဲ့ဖို့ကမရဘူးလေ"

"ဖေဖေပြောတာ ဟုတ်တယ်
ထူးပန်က ရှင်းပြဖို့လွယ်နိုင်တယ်
နင်အဓိကဖြေရှင်းရမှာက ဟိုကောင်မလေး....."မငြိမ်းကပါဝင်ပြောလာသည်။

"တောက်စ် !!!!
ငါဖြစ်နိုင်ရင် ထောင်ထဲဝင်ရဝင်ရ
အဲ့မိန်းမကို သတ်ပစ်ချင်တာ....."

"သားငယ်.....ဘယ်လိုပဲစကားအဖြစ်ပဲဆိုဆို
ဒီလိုစကားမျိုး နောက်မပြောနဲ့.....
ဖေဖေအကြံပေးချင်တာကတော့ ဒါဟာလုပ်ကြံမှုတစ်ခုဆို သက်သေဆိုတာက ကျန်စမြဲရှိမှာပဲ.....ဒါပေမဲ့ သားဘက်က သက်သေနဲ့တကွ ငြင်းဆိုပြန်ရင်
ဟိုမိန်းကလေးဘက်ကြ...."

"အင်း....ဖေဖေကတော့
ဘာမှ မပြောလိုဘူး.....သားတို့ဘာသာပဲ
စဉ်းစားဆုံးဖြတ်ကြပါ....ဖေဖေ့အကူညီလိုရင်တော့ပြော ဖေဖေတတ်နိုင်တာဆို ကူညီပေးမယ်ဟုတ်ပြီလား.....ကဲ ဖေဖေသွားမယ်...."

"သမီးငြိမ်း မောင်လေးနဲ့ကျော်ကြီးကို ထမင်းခူးကျွေးလိုက်အုန်း.....ပြီးရင်သားငယ်ကို ဆေးလည်းတိုက်အုန်း အနာရင်းပြီး အဖျားဝင်ရင် စိတ်ရှိရင်တောင်ကိုယ်ကမစွမ်းနိုင်ဖြစ်နေမယ်....."

"ဟုတ်ကဲ့ဖေဖေ"မောင်နှမနှစ်ယောက်ဆီမှ သံပြိုင်စကားထွက်လာတော့ သူပြုံးကာ လှည့်ထွက်ခဲ့သည်။
ကျန်ခဲ့သူ သုံးယောက်မှာလည်း တစ်ယောက်ကိုတစ်ယောက်ပတ်ကြည့်ရင်း အသီးသီးမေ့ငေါ့ကာ ဘာဆက်လုပ်ကျမလဲ ဟုသာ။

နောက်...ကျော်ကြီးက "နေအုန်း....ငါ မဆီ ဖုန်းခေါ်ကြည့်အုန်းမယ်....."ဆိုကာ ဖုန်းခေါ်တော့ ဒီတစ်ကြိမ်မှာတော့ ၃ခါမြောက်အဝင်ကောမှာ တစ်ဖက်မှ ကိုင်လေပြီ။

မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)Where stories live. Discover now