💝19💝(🔞🔞🔞)

27.9K 1.1K 47
                                    

***** Zawg&Uni*****

***** Zawgyi*****

Warning ပါပါသည်။
(🔞🔞🔞မကြိုက်သူများ ကျော်ဖတ်ပေါ့နော်😜
နှစ်ပိုင်းစာ ပေါင်းရေးထားတာမို့ နောက်အပိုင်း အပ်ပုဒိတ် ကြာနိုင်သည်။😋အဲ.....ယူတို့ရဲ့ Feedback လေးတွေအပေါ်လည်းမူတည်တာပေါ့နော်😁)

စိုင်းတစ်ယောက် ထမင်းစားခြင်းကို အမြန်အဆုံးသတ်ပြီး.....

"ကိုကို.....သွားမယ် "စိုင်းရဲ့ ဆိုလိုရင်းကို ထူးပန်သိသော်လည်း.....

"အွင်.....ဘယ်သွားမို့လဲ "

"ကိုကို့ အခန်းကိုလေ "

"အွင်း....သွားတာပေါ့
ခုမှ ထမင်းစားပြီးတာ နေပါအုန်း
အသီးလေးဘာလေးစားရအောင်လေ "

"ယူခဲ့လိုက်လေအခန်းထဲကြမှ စားမယ် "ပြောပြီး စပျစ်သီး ပန်းကန်လေးကို ကောက်ကိုင်ကာ ရှေ့က ထွက်သွားပါသော စိုင်း။မသိရင် သူကပဲ အိမ်ရှင်လိုလိုရယ် ။နှစ်ယောက်အတူ အခန်းဆီ တက်လာရင်း အပေါ်ထပ်ရောက်တော့ ထူးပန် စိုင်းကို နောက်ကနေ သိုင်းဖက်ကာ လည်တိုင်ဖွေးဖွေးလေးကို ငုံ့နမ်း၍......

"လွမ်းလိုက်တာ "
စိုင်းလည်း နောက်ပြန်လှည့်၍ ကိုကိုနဲ့မျက်နှာချင်းဆိုင်ဖို့လုပ်တော့ ကိုကိုက အလှည့်မခံ။နောက်ကနေတင်းနေအောင် ဖတ်ထားပြီး သူ့လည်တိုင်နုနုလေးကို စိတ်ကြိုက်နမ်းကာ စုပ်ယူနေတော့သည်။ကြာလာတော့စိုင်း ယားလာ၍ မနေတတ်ဖြစ်လာကာ အားနေတဲ့လက်လေးနဲ့ ကိုကို့ နှာခေါင်းလေးကို နောက်ပြန် လှမ်းညှစ်လိုက်ပြီး......

"ကိုကို......ဒီတိုင်းပဲရပ်နေတော့မှာလား "ဆိုကာမှ သူ့ပုခုံးလေးကို နောက်ကတွန်း၍ ကိုကို့အခန်းဆီ
ရောက်ရသည်။တကယ့်တကယ်တမ်း ရောက်ရတော့လည်း စိုင်းရင်ခုန်သံတွေ အရမ်းမြန်ကာ စိတ်တွေလှုပ်ရှားလာပြီး အခန်းထဲမဝင်နိုင်သေးပဲ ရပ်နေမိသည်။

"ဝင်လေ....ဘာလို့လဲ
မဝင်တော့ဘူးလား"ဆိုတော့ စိုင်း....ကိုကို့ ကို မျက်စောင်းလှည့်ထိုးမိပြီး.....

"အဲလောက် မဝင်စေချင်တဲ့ မလာစေချင်ခဲ့တဲ့အခန်းကို ဝင်ကိုဝင်အုန်းမှာ ဟွန့်"ဆိုကာ ပုခုံးပေါ်က လက်တွေကို ဖယ်ချပြီး ဘောက်ဆတ်ဆတ်လေး ဝင်ခဲ့သော စိုင်း။

မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)Where stories live. Discover now