💝40💝

8.9K 615 77
                                    

*****Zawgyi******

ကျော်ကြီးတစ်ယောက်မှာတော့
သူကိုယ်တိုင်လည်း အနည်းငယ် သောက်ထားပါသော်ငြား ဒီအမူးသမားလေးတွေ ဂရုစိုက်နေရတာနဲ့ သောက်ထားသမျှ အရည်များက ဘယ်ဆီဘယ်ဝယ် ရောက်သွားမှန်းပင်မသိရ။မူးရမဲ့အစား မောရသည်မို့
အားလုံးပြီးသည်နှင့် ကုတင်ထက်ဝယ် အားရပါးရ လှဲချလိုက်တော့သည်။သူလှဲလို့မှ တစ်မိနစ်ပင်မပြည့်သေး သူဖြစ်သလို ပစ်တင်ထားသော စားပွဲထက်က ငစိုင်းဖုန်းဆီမှ......တဒူဒူမည်ကာ တုန်ခါနေသော ဖုန်းကြောင့် သူထယူကာ ကြည့်လိုက်တော့

💝My Love 💝ဆိုသည့် Nickname လေးနဲ့ ကိုထူးပန်ဆီကပင်။မကိုင်ပဲ ထားလိုက်လို့က မဖြစ်သည်မို့ သူကိုင်ကာ ထူးလိုက်သည်။

"ဟဲလို....."

"ဟဲလို........
အင်.... ကျော်ကြီးလား...."

"ဟုတ်တယ် ကိုထူးပန် ကျွန်တော်ရယ်"

"စိုင်းရော......"

အင်.....ငါဘယ်လိုဖြေရပါ့ ?
အမှန်တိုင်းဖြေလိုက်ရကောင်းမလား.....
တော်ကြာစိတ်ဆိုးသွားမလား.....ဒါဆို ဘယ်လိုဖြေရပါ့.....။သူ...မည်သို့ ဖြေရမည်ကို ဝေခွဲမရဖြစ်ကာ
ငြိမ်သက်နေတုန်း......တစ်ဖက်မှထူးပန်သည်လဲ......စိတ်မရှည်ခြင်းနဲ့သံသယတို့ ပူးဝင်လာကာ

"သူ.....ဘာတွေမဟုတ်တာလုပ်ထားလဲ
ကျော်ကြီး.....ကိုယ့်ကို အမှန်တိုင်းပြောနော်
လိမ်ဖို့စဉ်းစားမနေနဲ့....... သူခုဘယ်မှာလဲ......"

"အဟဲ.......အဟမ်း.....
အဲ......အဲဒါကလေ"

"အင်း.....ပြော"ထူးပန်အနည်းငယ် စိတ်ကတိုချင်လာပြီမို့ လေသံပင်အနည်းငယ်မာသွားရသည်။
ကျော်ကြီးလည်း လိမ်ညာပြောဖို့ ဉာဏ်ကမထွက်တာမို့ အမှန်တိုင်းသာ ပြောရတော့သည်။သိတယ်မလား သားက လူလိမ်မာလေးဆိုတော့ အဲလိုလိမ်ဖို့ညာဖို့ဆို မစွမ်းသာဘူးရယ်။

"ကျွန်တော် အမှန်တိုင်းပြောမယ်နော်
အကို စိတ်တော့မဆိုးနဲ့ဗျာ
အကို့လူက မူးပြီးမှောက်နေပြီ.....မထနိုင်တော့ဘူး"

"ဘာ.....ဒီအချိန်ကြီးကိုလေ.....
မှောက်တောင်နေတယ်ဆိုတော့
ဘယ်လောက်ထိများ သောက်ကြလို့လဲကွာ......"

မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)Where stories live. Discover now