💝23💝

12.2K 779 52
                                    

*****Zawgyi******

တစ်လမ်းလုံးမြင်မြင်သမျှ ဟိုလက်ညိုးထိုး ဒီလက်ညိုးထိုးနဲ့ သာလိကာပေါက်စ စိုင်းနဲ့ ထူးပန်မှာလည်း ပုတ်သင်ညိုလုံးလုံးဖြစ်ခဲ့ရသည်။December Garden ရောက်တော့ ကားပေါ်က ဆင်းကာရှိသေး အေးစက်သော ဆောင်းအငွေ့သက်က လက်ကမ်းကြိုသည်။အအေးကြောက်သော စိုင်းမှာတော့ ခုန်ပေါက်နေရင်း သူ့ဆီပြေးလာကာ နောက်ကနေ အတင်းဖက်ထားတော့သည်။

"အား.....ခုမှပဲနွေးသွားတော့တယ်
အေးလိုက်တာကိုကိုရာ...."သူ့မှာတော့ ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ရင်း အအေးကြောက်သော ထိုကောင်လေးကို မဖယ်ခွာရက်ပေမဲ့ လူမြင်ကွင်းမှာ အမြင်မတင့်စေသည်မို့ ဖယ်ခွာရင်း....

"စိုင်း....လွှတ်အုန်း....လူကြားထဲမှာ အဲလိုမနေစမ်းနဲ့"ဆိုမိတော့......ပါးလွှလွှ နှုတ်ခမ်းလေးတွေက ချက်ချင်းစူကာ....မျက်ခုံးတန်းလေးကလည်းအလိုမကျမှန်းသိသာစေကာ.....

"ဒီကအေးလို့ဟာကို.....အလောက်ဖြစ်စရာလိုလို့လား ခဗျားကြီး...."ပြောရင်း ရှေ့ကနေ ဘောတ်ဆတ်ဆတ် ထွက်သွားသူကို ထူးပန်တစ်ယောက် ချော့ရပေအုန်းတော့မည်။ဆိုင်ထဲရောက်တော့ အရှေ့ဖျား နေပူစာနေရာလေးရသည့် ခုံလေးမှာ နေရာယူထားသော သူ့ဘေးနား ဝင်ထိုင်တော့ ချက်ချင်း ကျော်ကြီးနဲ့ စန္ဒီကြားတိုးဝင်ကာ နေရာရွှေ့ထိုင်တဲ့ ကလေးဆန်သောစိုင်းရယ်ပါ။ နောက် မီးနူးကဒ်လေးရောက်လာပြီးသည့်တိုင် တော်တော်နဲ့ အမှာလာမကောက်သော ဝိတ်တာမလေးအပေါ် စိုင်းတို့ ဒေါသတွေ ပုံချလေပြီ။

"ဟေး....ဒီမှာ မှာမလို့ ခေါ်ထားတာကြာနေပြီ ခုထိအမှာလာမကောက်သေးဘူးလား....ဒီလောက်ကြာနေတာ တော်ပြီ မစားတော့ဘူး ပြန်တော့မယ် "ဆိုကာ ထရပ်တော့ အခြား ဝိတ်တာမလေးမှာ.....စိုင်းကို အားနာဟန် တောင်းတောင်းပန်ပန်ဆိုရှာသည်။

"ဟို.....ဆောရီးပါ အကို ဒီကညီမလေးက အသစ်မို့ သူက မီးနူးကဒ်နဲ့ စားပွဲချတာပဲ တာဝန်ယူထားလို့ပါ
စိတ်မရှိပါနဲ့နော်။အကိုသုံးဆောင်လိုရာ မှာလို့ရပါပြီရှင်....ဘာများ သုံးဆောင်မလဲအကို "ဟု ဆိုမှ....သူစားလိုရာ များ တစ်ခုပြီး တစ်ခုမှာနေသည်။

မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)Where stories live. Discover now