💝20💝

17.7K 961 45
                                    

*****Zawg&Uni*****
*****Zawgyi*****
ထူးပန်တစ်ယောက်မိမိအဖြစ်ကို မိမိတကယ်သနားမိသည်။ကြည့်လေ သကောင့်သားလေးက အပေါ်ကလည်းနေသေးတယ် ပြီးသွားတော့ မသန့်ရှင်းပဲ သူ့ပေါ် ဒီတိုင်း ထပ်မှောက်နေတာကြောင့် နောက်ဆုံးသူပဲ မနေသာတော့စိုင်းကို ဘေးသို့ အသာချ၍သိပ်လိုက်သည်။ပြီး ကွနေတဲ့ ပေါင်နှစ်ဖက်နဲ့ ရေချိုးခန်းဆီ အားတင်းလျှောက်ကာ ပုဆိုးဟောင်း တစ်ထည်ကို ရေနွေးနွေးလေးအနည်းငယ်စွတ်ပြီး ကိုယ်တိုင်လည်းသန့်ရှင်း၍ ဒင်းလေးကိုလည်းသန့်ရှင်းပေးရန် ပြင်ရသည်။

ခွေးကောင်လေးက သူသန့်ရှင်းပေးတာကို ငြိမ်နေပြီးသဘောတကျ မအိပ်ပါပဲ ရယ်နေလိုက်သေးသည်။အဲ့သွားတက်လေးနဲ့ အဲ့အပြုံးလေးတွေနဲ့ပဲ လုပ်စားနေ ချီးထုပ်လေး။

"ကိုကို....."

"........"

"အခုဆို မောင်တို့က ချစ်သူတွေအဆင့်မက တော့ဘူးနော်"ထူးပန် စိုင်းရဲ့ဆိုလိုရင်းကို နားမလည်......။

"ဒီနေ့ကစ ကိုကိုက မောင့်အပိုင်ဖြစ်သွားပြီ
ကိုကို့ကို မောင်ပိုင်သွားပြီ မောင်ကလွဲ ကိုကို ဘယ်သူ့ကိုမှ ချစ်လို့မရဘူး ချစ်ခွင့်မရှိဘူး
သြော.....မောင်မေ့နေတာ ဟိုတစ်နေ့က လာတဲ့ ကိုကိုဆိုတဲ့သူက ဘယ်သူလဲ အဲ့နေ့က မောင်ဘယ်လောက်ခံစားရလည်း ကိုကို သိလား"ခုမှ ပြောရင်း ရန်တွေ့စကားဆိုဖို့ သတိရလာသူကို.....

"အဲ့ကိုကို ကအရင်က ဟိုဘက်အိမ်မှာ နေသွားတာလေ
ကိုတို့ငယ်ငယ်လေးကတည်းက ညီအကိုလိုပဲ ချစ်ခင်လာကြတာ ။သူ က ခု နယ်မှာ တာဝန်ကျနေလို့ဒီကို ပြန်လာသခိုက်ခန လာနှုတ်ဆတ်တာပါ။အဲ့နေ့က ကိုက မင်းကို အမြင်ကပ်ပြီး စိတ်ဆိုးနေတာလေအဲဒါမို့ တမင် တစ်မျိုးထင်အောင် လုပ်တာ"

"မကောင်းတဲ့လူကြီး လာခဲ့ "ဆိုကာ စိုင်း ထူးပန် လက်ထဲမှ သန့်ရှင်းပြီး ရေးနွေးဝတ်လေးကို ဆွဲလွှင့်လိုက်ပြီး အိပ်ယာထက် နှစ်ယောက်သား လုံးထွေးဆော့ကစားနေရင်း မောသွားကာမှ အသက်ကိုဖြည်းဖြည်းရှုရင်း......

"ကိုကို အဲ့လူကြီးကို ကိုကိုလို့ မခေါ်နဲ့"

"အန်....ဒါက နှုတ်ကျိုးနေပြီလေ
ခုမှ ဘယ်လိုပြောင်းမလဲ"

မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)Where stories live. Discover now