💝37💝

8.5K 612 61
                                    

*****Zawgyi******

စိုင်းအောက်ထပ် ရောက်တော့ ထမင်းစားခန်းထဲမှာ ရယ်သံလွင်လွင်များ ဝေဆာနေသည်။ခါတိုင်းထက် ကြည်လွင်ရွှင်မြူးနေသော မေမေ့အသံနဲ့အတူ နောက်တစ်ယောက်အသံသည်လဲ ရင်းနှီးကာ ကြားဖူးနေသည်။မမအသံလည်း မဟုတ်ဆိုတော့ ဘယ်သူများရောက်နေပါလိမ့်.....။

သူစဉ်းစားရင်း ထမင်းစားခန်းဆီရောက်တော့ မေမေ့ဘေးနားမှာ အစိမ်းဝမ်းဆတ်လေးနဲ့ တောက်ပကာ ရွှင်ပြုံးရင်း စကားဆိုနေသူ က ဖူးပွင့်သော်။

နေပါအုန်း.....သူက ဘယ်လိုလုပ် အိမ်ထိရောက်နေရတာပါလိမ့်။အစောက ကြည်ကြည်လင်လင်လေး ရှိနေသော စိုင်းမျက်နှာချောလေးမှာချက်ချင်းတည်တံ့၍ အလိုမကျတဲ့ အရိပ်ယောင်တွေက အထင်းသားပေါ်လွင်နေခဲ့သည်။

မေမေက သူ့ကို ဖူးပွင့်သော် အနားမှာ ထိုင်စေရန် နေရာပေးသော်လဲ သူ.....မမဘေးနားပဲ ဝင်ကာထိုင်လိုက်သည်။မျက်နှာ အနည်းငယ် ငုံ့ကျသွားသော
ဖူးပွင့်သော်ကို..... မေမေက အားနာသွားဟန်....

"သားငယ်ကတော့ အဲလိုပဲ ရောက်တုန်း အမနားကပ်ချွဲချင်နေသေးတာ...အဟင်းဟင်း...."ဟု စကားဖာခါမှ ဖူးပွင့်သော်က အပြုံးယဲ့ယဲ့လေးဖြင့်.......

"မမငြိမ်းနဲ့ စိုင်းက အခုလို ယှဉ်ထိုင်လိုက်တော့လဲ
အမွှာတွေကျနေရောနော် အရမ်းတူတာပဲ....."

".........."မည်သူ့ဆီကမှ တုန့်ပြန်စကားဆိုမလာတော့
သူမ အနည်းငယ်တော့ အမ်းတမ်းတမ်းဖြစ်သွားသည်။

ဒီအိမ်မှာ သူမကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုသူက ဒေါ်နန်းဝေဝေမြင့် တစ်ယောက်သာ ရှိသည်။စိုင်းအမကလည်း ရောက်ခါစက တစ်ခါလားသာ ပြုံးပြနှုတ်ဆက်ပြီးနောက် သူမကို ရှိသည်ဟုတောင်အသိမှတ်မပြုသလို လျစ်လျူရှုကာ နေသည်မလား....။အဟင်း....ဒီလောက်နဲ့ အားပျက်မယ်ဆို သူမကဖူးပွင့်သော် ဘယ်ဟုတ်လိမ့်မလဲ။

"မမငြိမ်းကလည်း Uni ကို မန်းလေးမှာပဲ
တက်ခဲ့တာဆို" သူမ အမေးကို ငြိမ်းက ခေါင်းသာ ညိတ်၍ စားလက်စကိုသာ ဆက်စားနေသည်။

"မမငြိမ်းတို့တုန်းကတော့ ဘယ်လိုနေလဲမသိဘူး
ဖူး ကတော့ မန်းလေးမှာ ကျောင်းတက်ရတာ သိပ်အဆင်မပြေဘူး.....တကယ်ဆို ဖူး မန်းလေးပြောင်းခဲ့ရတာက အကြောင်းရှိလို့သာ...... "ပလီပလာနဲ့ မာယာပိုသူ သူမစကားကြောင့် ငစိုင်းတို့ စိတ်အချဉ်ပေါက်လာကာ

မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)Where stories live. Discover now