💝47💝

9.2K 723 154
                                    

*****Zawgyi*****
ထူးပန်
နေမကောင်းသည့်ကြားမှ တစ်ညလုံးငိုလိုက်ရသည်ကြောင့် ရော ၊စိတ်ခံစားချက်လွန်ကျူးကာအားနည်းနေသည်ကြောင့်ရော နှလုံးရောဂါမရှိသော်ငြား Heart Attackဖြစ်ကာ မေ့မျောသွားတော့သည်။ကံကြမ္မာက ရက်စက်သော်ငြား သူ့ဘက်မှာတော့ ရှိနေသေးပုံပင် အဘယ်ကြောင့်ဆိုသော်.......။

3:00Am

ဒေါ်ဆုမာလာဝေ
ထိုင်နေရင်းမှနေ သားအတွက်စိုးရိမ်သည့်စိတ်ကပူပန်လွန်းရသည်မို့ အပေါ်ပြန်တက်ကာ သားအခန်းကို ဝင်ကြည့်မိသည်။ထိုစဉ် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူမပါ သွေးများဆောင့်တက်ကာ မူးမေ့လဲမတတ်ဖြစ်ရသည်။

သို့သော် သားဇောကြောင့် အောက်ထပ်မှ ဒေါ်တူးကို အော်ခေါ် နှိုးရင်း.......Luggage ​ဘေးပုံလဲကျနေသည့်သား။တစ်ကိုယ်လုံးချစ်ချစ်တောက်ပူကာ မေ့မြောနေသောသားကို ပြေးပွေ့ရသည်။နောက် ဒေါ်တူးလည်း တက်လာရာ သူမမေးသမျှကို ပြန်မဖြေနိုင်အား နှစ်ယောက်သား သားကိုယ်ကို မနိုင့်တနိုင့် တွဲကာ ဆေးရုံပို့ဖို့ပြင်ရသည်။ဆေးရုံရောက်ပြီးနောက် သားအခြေနေစိတ်ချရကာ တည်ငြိမ်ပြီဆိုကာမှ ဒေါ်တူးကို အိမ်သို့ပြန်စေပြီး လိုအပ်သည်များပြင်ဆင်ခိုင်းရသည်။

Drနန်းဝေဝေလွင်
သူမဂျူတီ Off ချိန်ရောက်တော့မည်မို့ ပြန်ရန်ပြင်ဆင်ရင်း မထင်မှတ်ပဲ ဒေါ်တူးကို တွေ့လိုက်ရသည်ကြောင့်.......

"ဒေါ်တူး....ဒေါ်တူး...."

"ဟင်!
ဪ ဒေါက်တာ....ပါလား"

"ဟုတ်ကဲ့......ဒေါ်တူးတစ်ယောက်ထဲလား
ဘယ်သူဘာဖြစ်လို့လဲ......"သူမမေးခါမှ မျက်ရည်ကြီးဝိုင်းကာ အင့်ခနဲတစ်ချက်ရှိုက်ရင်း......ပြောလာသည်။

"သားထူးပန်လေးပေါ့ ဒေါက်တာရယ်
အပြင်းဖျားပြီး မေ့မြောသွားလို့ အဲဒါ မနက်မှ မဆုကတွေ့ပြီး ဆေးရုံပြေးလာကြရတာ
အရောက်မြန်ပေလို့ပေါ့ ဒေါက်တာရယ် မဟုတ်ရင်
ကျွန်မဖြင့် တွေးတောင်မတွေးရဲတော့ပါဘူးရှင်....."

"ဟင်!
အဲလောင်ထိတောင်လား
ဘယ်လိုဖြစ်ရတာလဲ....ဒေါ်တူးရယ်
ခု ဘယ်အခန်းမှာလဲ ကျွန်မ သွားကြည့်လိုက်ပါ့မယ်"

မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)Where stories live. Discover now