💝56💝

11.8K 804 147
                                    

******Zawgyi*******

💝သူ့အနားမှာအမြဲရှိနေခွင့်နဲ့သူအလိုအပ်ဆုံးသောသူဖြစ်ချင်တာ ကိုယ်သိပ်များလောဘကြီးခဲ့သလား💝

စိုင်း
သူ့ကိုထွေးဖက်ရင်း အိပ်ပျော်နေဆဲ ကိုကို့ကို မော့ကာတစိမ့်စိမ့်ကြည့်နေရင်းမှ..... သင်္ကြန်ရက်တွေတုန်းက ဟိုဖက်လမ်းက မိန်းကလေးတွေရဲ့ စကားတွေကနားထဲပြန်ကြားယောင်လာသည်။အား....ဒီလူကြီးက ဘာလို့ ဒီလောက်ချောနေရတာလဲ....ဟင့် တစ်ချိန်က SKB သူ့ထက်ကို ကိုကိုက ပို စော်ကြည်နေတာ။မုန်းလိုက်တာ ဘာလို့များ တစ်နေ့ထက်တစ်နေ့ပိုပိုချောလာရတာပါလိမ့်။

မသိဘူးကွာ မသိဘူး ရူးချင်တယ် ။
ကိုကို့ကို သူတစ်ယောက်ထဲ အပြည့်ဝချစ်ချင်တယ်။တခြားဘယ်သူ... ဘယ်သူကမှ သဘောကျနေတာမျိုး ၊ချစ်နေတာမျိုး မလိုချင်ဘူး....နည်းနည်းမှကိုမလိုချင်ဘူ့း။

ဟင်း...ဒီပုံစံနဲ့တော့ မဖြစ်သေးပါဘူး ဒီတိုင်းဆို ဒုတိယနှစ်ပြီးတဲ့ထိကို စောင့်နေလို့မဖြစ်ဘူး၊အမြန်ဆုံးကို ကိုကို့ကို ကို့အပိုင်လုပ်ထားမှပါလေ။ဒီကြားထဲ ကိုကိုက အလုပ်ဝင်ခဲ့ရင် အဲ့က အစစ်မ၊မစစ်မတွေရဲ့ ရန်ကကြိမ်းသေပေါ်လာနိုင်သေးသည်။ဒီလိုတော့ အဖြစ်မခံနိုင်ပါ ။ဒါမျိုးက အချိန်ဆွဲနေလို့ကောင်းတာမျိုး မဟုတ်။မဖြစ်သေးပါဘူး ကိုကိုနဲ့လက်ထပ်ဖို့ ကိုယ်ပိုင်ဆိုင်ကြောင်းတံဆိပ်က အမြန်လုပ်မှကိုဖြစ်တော့မှာပါ။

ဟွင်းးးကိုကို အရူးကြီး ဒီမှာ ကိုယ်ကသာ သူ့ကိုချစ်လွန်းလို့တစ်ယောက်ထဲ သဝန်တွေတို ကမ္ဘာတွေပျက်နေရတာ သူကတော့ အိပ်လိုက်တာမှ သိုးလို့။မျက်ခုံးစိမ်းတန်းလေးတွေအောက်မှာ ထူထဲစွာစင်းပိတ်နေတဲ့ မျက်တောင်ရှည်တွေက ကိုကို့ရဲ့ညို့မျက်လုံးလေးတွေကို ဖုံးအုပ်ကာကွယ်နေသလို....ဖြောင့်စင်းနေတဲ့နှာတံနဲ့အတူ သေသပ်ပိရိစွာ ပိတ်ကျနေတဲ့ မထူမပါးနှုတ်ခမ်းပြည့်ပြည့်လေးနဲ့မေးရိုးတင်းတင်းလေးက ဘယ်လောက်ထိ ယောကျာ်းပီသတဲ့အကြောင်း ပြယုဒ်တစ်ခုလို။တစ်စိမ့်စိမ့်ကြည့်နေရင်း တစ်သိမ့်သိမ့်အချစ်တွေပိုလာတော့ ထိုမေးရိုးလေးမှ တစ်ဆင့်နမ်းမိသည်က နှုတ်ခမ်းလေးထက်ထိကပ်စွာ....။

မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)Where stories live. Discover now