💝42💝

8.5K 618 127
                                    

****Zawgyi*****
စိုင်းတစ်ယောက်
ကိုကို စိတ်ဆိုးပြီးသည့် နောက်မှာ အိမ်မှာပင် ခြေငြိမ်၍ မငြိမ်းနဲ့ကျော်ကြီးတို့အိမ်ဆီပင် မရောက်ဖြစ်တော့။
သူထိုကဲ့သို့ ခြေငြိမ်၍ လိမ္မာနေခြင်းကို ဖေဖေက သဘောကျနေသလောက် မေမေကတော့ ဖူးပွင့်သော်ကို အိမ်လည်ခေါ်လိုက်၊အတူအပြင်သွားဖို့ တိုက်တွန်းလိုက်နဲ့ လက်မလျှော့သေးပေ။

ဖူးပွင့်သော်ကလည်း သူ ဘယ်လိုပင် $ ဖတ်မလုပ်လုပ်၊အိမ်သို့ ဝင်ထွက်နေမြဲမို့ မငြိမ်းကတောင် လက်လန်တယ်ဟု ဆိုချေပြီ။ဘာလိုလိုနဲ့ စိုင်းတို့ တောင်ကြီးပြန်ရောက်နေသည်မှာ ဒီနေ့နဲ့ဆို ဆယ်ရက်ပင်ရှိချေပြီ။သူ ကိုကို့ကိုလည်း လွမ်းလွန်းလှပြီဖြစ်သည်။မနက်၊နေ့၊ည တိုင်း Vcall ပြောကျရင်း ဘယ်လောက်ပဲ အလွမ်းဖြေရသည် ဆိုအုန်းတော့ အနားမှာ ချစ်ရသူ ရှိနေမခြင်းက သူတို့အတွက် မလွယ်ကူပါ။

တစ်ခါတရံ ကိုကို့မျက်နှာချောချောလေးကို မော့ငေးရင်း ရင်ခွင်ထဲဝင် ဆိုးချင်မိသည်။
ကိုကို့ နှုတ်ခမ်းထွေးထွေးလေးကို နမ်းချင်သည်။
ကိုကို့ အနမ်းတွေကိုလဲ တောင့်တမိသည်။
အလိုမကျရင် သူ့ကို လွမ်းရင် တွန့်ကုပ်နေမည့် မျက်ခုံးစိမ်းတန်းလေးတွေကို ထိတွေ့ချင်လှပြီ။
ဖြစ်နိုင်ရင် မန်းလေးကို အမြန်ပြန်ချင်လွန်းလှပြီ။

ကိုကို လည်း သူနဲ့ ထပ်တူခံစားကာ လွမ်းနေမှာ သူသိသည်။Vcall ပြောတဲ့အခါတိုင်း သူ့လို လွမ်းကြောင်း ခနခနထုတ်မပြောတတ်တဲ့ ကိုကို့မျက်ဝန်းတွေထဲမှာတော့ အလွမ်းအငွေ့သက်တွေကို သူအပြည့်ဝခံစားရပါသည်။ချစ်လား အကြိမ်ကြိမ်မေးလွန်းခါမှ တစ်ခါတရံမှသာ ချစ်တယ်ဖြေတတ်သောကိုကို။လွမ်းလား ဘယ်လောက်မေးမေး ရှက်ရိပ်သမ်း၍ မျက်နှာလွှဲကာ၊စကားလွှဲကာ ဘယ်တော့မှ လွမ်းတယ်မဖြေပေးခဲ့သော ကိုကို။
အဲဒီ ကိုကိုကို ကျွန်တော်သိပ်ချစ်ပြီး သိပ်ကိုလွမ်းနေရပါပြီ။

စိုင်း
ခြံထဲက ဒန်းစင်လေးထက် ငြိမ်ကာထိုင်နေရင်းကိုကို့ကို ချစ်ရခြင်းကြောင်းတွေနဲ့ ကိုကို့အကြောင်းတွေကို တမေ့တမော စဉ်းစားတွေးတောရင်းလွမ်းနေမိသည်။ထိုသို့ သူ..လွမ်းကောင်းနေခိုက်......သူ့ကိုယ်လုံးကြီးနဲ့ အနားကိုပစ်ဝင်ထိုင်လိုက်သော ကျော်ကြီးကြောင့် ပရမ်းပတာလှုပ်ရမ်းသွားသော ဒန်းစင်နဲ့ အတူ လူပါလန့်၍ တုန်သွားမိသည်။ဒါကြောင့် ဒင်းကို စိတ်ပေါက်ပေါက်နဲ့ ဟောက်ဆဲပစ်လိုက်သည်။

မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)Where stories live. Discover now