💝21💝

13.8K 960 59
                                    

*****Zaw&Uni******

*****Zawgyi******

ထူးပန်တို့လေးယောက်မှာတော့ ဦးလုကြီး ဆိုင်မှာ ဝက်သားတုတ်ထိုး သူ့ထက်ငါ ဦးအောင် လုစားပြီးသကာလ
ကျော်ကြီးက......

"ငါတို့ နောက်အပါတ်ဆို ကျောင်းတွေပြန်ဖွင့်ပြီ.....
အဲဒါ ဒီ Sunday ငါတို့ပြင်ဦးလွင် တက်ကျရင် မကောင်းဘူးလား "သူ့စကားကို ကျန်သုံးယောက်က "ကောင်းသားပဲ...."ဟု တစ်ညီတညွတ်ထဲ ထောက်ခံကြသည်။နောက် စိုင်း...က

"အိုကေ....ဒါဆို.....ငါတို့ဘယ်တွေသွားကြမလဲ....
ဘယ်ချိန်သွားကြမှာလဲ "

"အချိန်ကတော့ မနက်အစောသွားကြမယ်လေ
အရင်ဆုံး ဘုရားသွားမယ် ပြီး ကန်တော်ကြီး၊နောက် December Garden သွားမယ်၊အချိန်ရရင် ပွဲကောက်လည်းဝင်တာပေါ့ ဟုတ်ဘူးလား"ကျော်ကြီး အစီစဉ်ကို သူတို့အားလုံးသဘောတူလက်ခံလိုက်ကြပြီး ထူးပန်က သူ့ကားကို မနက်ဖြန်ဝပ်ရှော့မှာ သွားစစ်ပြီး သူ့ကားယူခဲ့ဖို့နဲ့ မောင်းဖို့အတွက်က ကျော်ကြီးနဲ့ တစ်လှည့်စီ တာဝန်ယူလိုက်သည်။စန္ဒီက အစားသောက်အစီစဉ်အတွက်တာဝန်ယူသည်။ဘာတာဝန်မှမယူ၊မရှိဘဲ အခန့်သားလိုက်ပါမည့်သူကတော့ မောင်စိုင်းဟိန်းထက် ပေါ့ဗျာ ။

"ကိုကို.....မနက်ဖြန် ကားသွားစစ်ရင် မောင် မလိုက်ပေးတော့ဘူးနော် "

"အင်း....လိုက်လာရင်လည်း မင်းပျင်းနေမှာ..."

"ဟီး......ကိုကိုက သိပ်ချစ်ဖို့ကောင်းတာပဲ..."ပြောရင်း စားသောက်ထားပြီး ဆီပေနေတဲ့ ပါးစပ်နဲ့ လာနမ်းမယ်လုပ်နေတာကြောင့် သူအမြန်ရှောင်လိုက်ရသည်။

"ဟေ့....ဟေ့......ဒါလူမြင်ကွင်းနော်..."သူသတိပေးတော့.....ကျော်ကြီးကပါ......

"အေးလေ....$ရှက်က တစ်စက်မှမရှိဘူး...
လူရှေ့မရှောင်သူရှေ့မရှောင် ယိုသူမရှက် မြင်သူရှက်တယ်...."ဆိုကာ ပြောလာသော ကျော်ကြီးကို.....

"ကြိုက်မရှက် ငိုက်မရှက်ဆိုတာ မကြားဖူးဘူးလား မင်းအတွက်က ငတ်မရှက်ပြောင်းပေးရမယ် မင်းက ငတ်ပြီဆို $ရှက်ကတစ်စက်မှ မရှိတော့ဘူးလေ "

"ကဲပါ.....တော်ကြပါတော့
ငါလေ နင်တို့နှစ်ယောက် ဘယ်လိုလုပ် ဒီအချိန်ထိ တွဲဖြစ်နေကြလဲ စဉ်းစားကိုမရဘူး ဒီလောက်တွေ့တာနဲ့ ကိုက်နေကြတာကို"

မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)Where stories live. Discover now