💝16💝

17K 1.1K 27
                                    

*****Zawg&Uni*****

*****Zawgyi*****
စိုင်းတစ်ယောက်

ကိုကို့ကို စနောက်ပြီးနောက် အရှက်သည်းနေမည့် ကိုကို့မျက်နှာကို မြင်ယောင်ရင်း....စောင်ခြုံထဲ တစ်ယောက်ထဲ ကျိတ်ရယ်နေမိသည်။ရယ်ရတာမောလာတော့ ခုနက သောက်ထားသည့် ဆေးရှိန်ကလည်း တက်လာသည်မို့ မျက်ခွံများလေးလံလာပြီး မကြာ သူအိပ်ပျော်သွားသည်။

ဒီတစ်ခါမက်သည့် အိမ်မက်ကတော့ တကယ်ကိုကြည်နူးဖို့ကောင်းလွန်းသည်။အိမ်မက်ထဲမှာ ကိုကိုနဲ့သူ စနောက်၍ ကျီစယ်နေကြသည်တဲ့လေ ။သူ....အိမ်မက်ထဲမှာ ကြည်နူးနေတုန်း ဝက်ကိုယ်လုံးနဲ့ တက်ဖိ နှိုးလာသော ကျော်ကြီးကြောင့် အီစလံဝေသွားသည်။

"အား......သေပါပြီ
ငိုးမ ဝက် ဖယ်စမ်း
ငလူး ဒဏ်ရာတွေနဲ့လူကို ယီးမို့ တက်ဖိတာလားဟ "

"အေး.....မင်းကို ယီးလုပ်မို့ ဖိတာ
ဘာပြုတုန်း ဒဏ်ရာလေး အကြောင်းပြပြီး
မင်းက ဒီချိန်ထိသေနေတာကိုး"သူပြောလည်းပြော စိုင်းဒဏ်ရာ အခြေနေကို ကြည့်ဖို့ စောင်ကိုလှပ်ယူလိုက်တော့ ဝတ်စုံအပြည့်နဲ့ စိုင်းပုံစံကြောင့် သူကြောင်သွားကာ......

"နေပါအုန်း မင်းက ညအိပ်တာတောင် ဝတ်စုံပြည့်နဲ့ အိပ်တယ် ညဝတ်လဲ မပါခဲ့လို့လား
ဒါကြီးတွေဝတ်အိပ်နိုင်တယ်လား"

"ငါ့ဘာငါ ဘာဝတ်အိပ်အိပ်
မင်းသောက်ပူမပါဘူး
ဆို !!! စောစောစီးစီးဘာလာလုပ်တာလဲ သူများအိမ် "စိုင်းဆိုတာကအဲလိုရယ်။ကိုကိုနဲ့ကလွဲ ဘယ်သူနဲ့မှ ပျော့ပျောင်းမှု မရှိ ညင်သာမှုမရှိ၊အားနာရကောင်းမှန်းလည်း
မသိ။KGထဲက တွဲလာသည့် တစ်ဦးထဲသော သူငယ်ချင်း ကျော်ကြီးအပေါ်တောင် ထိုသို့မရှိ၊ကိုကိုနဲ့ကလွဲ တခြားသူတွေဆို အမြဲချေမိုးကာ အထက်စီးဆန်တတ်သူ ။

ကျော်ကြီးကလည်း စိုင်းကို ငယ်ငယ်ထဲက အမြဲသည်းခံ အလျှော့ပေးလာခဲ့သူမို့ စိုင်း သူ့အပေါ် ဘယ်လိုဆက်ဆံဆံ ဘယ်လိုပြောပြော၊ဆိုဆိုဆဲဆဲ နည်းနည်းမှ မမှု အနာကျင်မရှိ ။

"မင်းဆီလာချင်လို့လာတယ်များမှတ်နေလား
ငါ့ချစ်ဆုံးဆီ လာတာ "

"အဲဒါဆိုလည်း မင်းချစ်ဆုံးဆီပဲ သွားပါလား
ချီး...မို့ ငါ့လာနှောက်ယှက်နေတာလား"

မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)Where stories live. Discover now