💝46💝

8.4K 625 166
                                    

*****Zawgyi*****
ထူးပန်
ညနေက စိုင်းနဲ့ဖုန်းပြောပြီး ညစာအနည်းငယ်စားပြီးဆေးသောက်ကာ အိပ်လိုက်ရာနေမကောင်းတာရော ဆေးရှိန်ကြောင့်ရော လူကမက်မက်စက်စက် အိပ်ပျော်သွားသည်။ည ၁၁ လောက်မှာ တစ်ရေးနိုးလာတော့ 
စိုင်း များဖုန်းခေါ်ထားသေးလား စိတ်ပူသွားသည်။သူဖုန်းခေါ်တာကို ချက်ချင်းမကိုင်ပါက အင်မတန်စိတ်ဆိုးသော ကောင်ဆိုးလေးရဲ့ အကျင့်ကြောင့်.....ထူးပန် ဘေးနားက ဖုန်းကို ယူကြည့်တော့ SMS တစ်စောင်သာ ဝင်ထားတာရှိသည်။

ဝင်ထားတဲ့အချိန်က
၁၀:၁၅ Pm 👉👉👉💌
သူ စာကို ဖွင့်ဖတ်လိုက်တော့ သူ့ကမ္ဘာကြီးတစ်ခုလုံး အမှောင်ကျကာ ပြိုလဲသွားခဲ့သလို......စာမှာပါသော အကြောင်းရာများနဲ့မြင်တွေ့ရသည့် ပုံတစ်ချို့က.......

"ကိုကို.....မောင်တို့လမ်းခွဲရအောင်
မောင် ဖူးနဲ့လွန်ကျူးမိသွားပြီအဲဒါမို့ ဖူးကိုတာဝန်ယူပေးရမယ်လေ တောင်းပန်ပါတယ် မောင့်ကိုလမ်းခွဲပေးပါ.....
မောင့်အမှားမို့ နာကျဉ်းပြီးမုန်းတီးလိုက်ပါ
ခွင့်လွှတ်ပါလို့ မတောင်းဆိုပါဘူး
ဘယ်တော့မှ ခွင့်မလွှတ်ပါနဲ့....."တဲ့လေ ဘယ်လိုများလုပ်ရက်ပြီး ဘယ်လိုများပြောထွက်ရက်ခဲ့သလဲ ။

ဒါသူ အိမ်မက်ဆိုးမက်နေတာများလား.....ကိုယ့်ပါးကိုပြန်ဆိတ်ကြည့်မိတော့ *ဟင်! ဒါအိမ်မက်မဟုတ်ဘူးပဲ....*လှိုက်တက်လာတဲ့မျက်ရည်တွေနဲ့နာကျင်မှုကရင်ဘတ်တစ်နေရာမှာ ဆစ်ခနဲ......။

ကိုယ့်ဘက်က သူ့အပေါ် အစစရာရာ အမြဲအလျှော့ပေးလိုက်လျောခဲ့တာတွေများလို့ သူ့အတွက်ကိုယ့်အချစ်က တန်ဖိုးမဲ့ခဲ့လေသလား။အနည်းဆုံးတော့ အနည်းဆုံးတော့ သူကိုယ့်အပေါ် မဖောက်လွဲဖို့ မျှော်လင့်ခဲ့မိရုံလေးပါ။
ခုတော့ ကိုယ့်ရဲ့မျှော်လင့်ချက်တွေ ယုံကြည်မှုတွေနဲ့ အချစ်တွေအားလုံး ရိုက်ချိုးသွားခဲ့ပြီ။

အား......ရင်တွေနာလိုက်တာ....ပျက်စီးသွားပြီ
ကြွေမွသွားပြီ.....နှလုံးသားတစ်ခုလုံး ရစရာမရှိအောင် စုတ်ပြတ်သွားခဲ့ပြီ။မုန်းတယ် မငိုပဲ ကျတဲ့မျက်ရည်တွေကို အရမ်းမုန်းတယ်.....။မုန်းတယ် တစ်နေ့ဒီလိုဖြစ်လာနိုင်တာ ကြိုသိပါရဲ့ ရှေ့ဆက်တိုးပြီးမိုက်မဲမိတဲ့ ကိုယ့်ကိုကိုယ် မုန်းတယ်....။

မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)Where stories live. Discover now