{1} ဆုံတွေ့ခြင်း

18.2K 527 9
                                    

Unicode version

Gashina

Ep * 1

"Sunbae....ခန...ခနလေး....
အချိန်ရလား "

"Imm...ရပါတယ် Sooya...wae?"

"ဟိုလေ....ဟို.... ဝန်ခံစရာရှိလို့
အခုချိန်မှ ဝန်မခံရင် တစ်သက်လုံးနောင်တရသွားမယ်ထင်လို့"

" ထူးထူးဆန်းဆန်းတွေလုပ်ပြီ ဒီကလေးကတော့
ပြော ဘာဝန်ခံမှာလဲ....
ဘာပေါက်ကရ ဟာသတွေပြောပြန်အုံးမှာလဲ"

စီနီယာရဲ့ပုံစံနဲ့ Soo ကို ကြည့်တဲ့အကြည့်က
တစ်ကယ် ကလေးတစ်ယောက်ရဲ့
ပေါက်ကရအပြောကို နားထောင်ပေးတော့မဲ့
နူးညံ့နွေးထွေးစွာကြည့်နေတဲ့အကြည့်မျိုးသာ။

ဒါပေမဲ့လဲ ဒီတစ်ခါတော့ တစ္ကယ်ပဲ
မိမိရဲ့ခံစားချက်အစစ်အမှန်တွေကို
ထုတ်ပြောလိုက်ချင်နေပြီ။

သူ့ကို ကျောင်းသူဘဝကတည်းက crush နေခဲ့ရတာ
အခု လုပ်ငန်းခွင်ထဲရောက်သည့်အချိန်ထိပင်။

ယောကျာ်းလေးတွေထက်တောင် ပိုကြည့်ကောင်းလွန်းတဲ့ Handsome girl လေးဖြစ်တဲ့သူ့ကို
အချိန်အကြာကြီး crush လာခဲ့ရတာ...

အခု သူအလုပ်လုပ်တဲ့နေရာအထိ
မရမက အတူအလုပ်လိုက်လုပ်ရင်း
သူနဲ့နီးစပ်ဖို့ကြိုးစားလာခဲ့ရတာ....
သူကတော့ အခုချိန်ထိ ကိုယ့်ကို
ကလေးတစ်ယောက်လိုဆက်ဆံနေဆဲ...ဆိုပေမဲ့
ကိုယ့်ရဲ့စိတ်ကူးယဉ် တစ်ဖတ်သတ် ကမ္ဘာထဲမှာတော့
သူက ကိုယ့်ရဲ့ ချစ်သူဖြစ်နေတာ ကြာပေါ့။

ငယ်ငယ်ကတည်းက Crush ရသူလေး
အခုချိန်ထိလဲ ရည်းစားမရှိဘူးဆိုတာကြောင့်
ဖွင့်‌ေြပာကြည့်ချင်သည်။

မိန်းကလေးချင်း ဆိုပေမဲ့
သူ ငြင်းတော့ မငြင်းလောက်ပါဘူး
ကောင်မလေးချောချောမြင်ရင် အတူကြည့်ပြီး
သဘောကျတတ်သေးတာပဲ။
ပြီးတော့ သူနဲ့အတူသွား အတူစားြပီး
တစ်ယောက်အကြောင်းတစ်ယောက်လဲ
အကုန်သိနှင့်ပြီးသားပဲ....
ပြီးတော့ Soo အပေါ် တခြားလူတွေနဲ့မတူ
ရင်းရင်းနှီးနှီးဆက်ဆံပြီ ကလေးလို့
ခနခန ခေါ်နေတာပဲ။

Soo ဖွင့်‌ေြပာလိုက်ရင် သူလက်ခံမလား??

Molla...သူ့ကိုပိုင်ဆိုင်ချင်တယ်
ဖွင့်ပြောလိုက္မယ်....

GASHINA (Completed )Where stories live. Discover now