promise

4.9K 426 43
                                    

Unicode version
.
.
.
.



Gashina

Episode - 24

ညနေပိုင်းဆိုင်သိမ်းချိန်ကိုတောင်
အနည်းငယ်ကျော်လွန်ပြီးမှ Jennie ရဲ့ အလုပ်တွေက
လက်စသတ်လို့ပြီးသွားခဲ့လေသည်။

သူမများ msg ပြန်ပို့ထားမလားဆိုပြီး
ph လေးကိုကောက်ကိုင်ကြည့်လိုက်ပေမဲ့
ဘာ msg မှရောက်မနေသလို
ph လဲ ပြန်ခေါ်ထားခြင်း မရှိခဲ့ပေ။

"Boyah...ငါ့ msg တွေကို မမြင်တာလား"

Msg ထဲ ဝင်စစ်ကြည့်လိုက်တော့
seen ပြနေလေသည်။

"သူ ဘာဖြစ်နေတာလဲ...."

Jennie. ... အလုပ်တွေကို အပြီးသတ်လုပ်လိုက်ပြီး
ဆိုင်ထဲက cctv တွေကို တစ်ချက်စစ်ဆေးလိုက်သည်။

"သူ ချက်ချင်းပြန်သွားတာပဲ
ဒါပေမဲ့လဲ ငါ့ကိုတောင် ဝင်မနုတ်ဆက်သွားဘူး"

သူ့အပြုအမူကြောင့် Jennie
သူ့ကိုနားလည်ရခက်သွားကာ စိတ်တွေရှုပ်ထွေးရင်း

ရုံးခန်းအပြင်ဘက်သို့ ထွက်လာလိုက်သည်။

မပြန်သေးတဲ့ ဝန်ထမ်းအချို့က ရှိနေသေးတာကြောင့်
မိမိရဲ့ဆိုင်လေးထဲ စစ်ဆေးနေလိုက်သည်။

Jennie....သူတို့ကိုကျောပေးကာ
အနည်းငယ်လှမ်းတဲ့နေရာမှာရှိနေပေမဲ့
သူတို့ပြောနေတဲ့ တီးတိုးစကားသံကိုကြားနေရသည်။

သူတို့ပြောတဲ့အထဲမှာ Jisoo ရဲ့နာမည်ကပါနေတာကြောင့်
အာရုံစိုက်ကာနားထောင်လိုက်မိသည်။

"ဘာလို့ JiSoo က အလုပ်ထွက်သွားတာလဲမသိဘူး
ငါတို့ သူဌေးနဲ့ သူနဲ့က သိပ်မျက်နှာကြောမတည့်လို့များလား
အရမ်းခင်နေတော့မှ ထွက်သွားပြီဆိုတော့
သူမရှိရင် ဆိုင်က ဟာတာတာကြီး
တစ်ပါတ်လောက် မတွေ့ရတာတောင်
ဟာတာတာဖြစ်နေတာကိုနော် "

Jennie. ...Thai စကားကို အရမ်းကျွမ်းကျင်ပြီး
နားလည် နေတာ မဟုတ်ပေမဲ့
သူတို့ ဘာပြောတာလဲဆိုတာကိုတော့ နားလည်နေတာရယ်
မထင်မှတ်ထားတဲ့ JiSoo အလုပ်ထွက်မယ်ဆိုတာရယ်ကို
ကြားလိုက်တာကြောင့် မနေနိုင်တဲ့အဆုံး...

ထို တီးတိုးပြောနေတဲ့ ဝန်ထမ်းတွေဆီကို သွားပြီး
မေးလိုက်မိသည်။

GASHINA (Completed )Where stories live. Discover now