{16} The Ants Story

4.6K 384 11
                                    

Unicode version

Gashina

Episode - 16

Lisa တစ်ယောက်
Guiterဆိုင်လေးထဲ ကလေးတစ်ယောက်လိုပျော်မြူးနေတဲ့
Chaengကို ငေးကြည့်နေလိုက်သည်။

"ဘာလို့ ကလေးတစ်ယောက်လို
သိပ်ချစ်ဖို့ကောင်းနေရတာလဲ Chaeng
ငါကတော့ နင့်ကို သဘောကျလို့ရူးတော့မယ်"

"Lisa ya....ဒီမှာ ဒါလေးလာကြည့်
မိုက်လိုက်တာ ...
ဒါရောပဲ...Lisa ya....Lisa ya.....
Lisa ya...."

Guiterကြည့်တာထက် Lisa နာမည်ကိုပဲခေါ်နေတယ်ဆိုရင်
မမှားဘူးမလား....

"Chaeng ya....နင်ကြိုက်တဲ့ Guiterတစ်လက်ယူလေ
ငါဝယ်ပေးမယ်...."

"Jinja...တစ်ဆိုင်လုံးက ဂစ်တာတွေကိုကြိုက်နေတော့
ဘယ်လိုလုပ်ရမလဲ "

"တစ်ဆိုင်လုံး.."

Lisa က အနည်းငယ် မျက်လုံးပြူးသွားတာကြောင့်

"စနေတာပါ...ဒါနဲ့ ငါ့ကိုဘာလို့ Guiterဝယ်ပေးရတာလဲ
ဘာအထိမ်းအမှတ်မှမရှိပဲနဲ့"

"ဒီအတိုင်း....နင်က အရမ်းသဘောကျနေတော့လေ
အထိမ်းအမှတ်မရှိလဲ....
နင်ကြိုက်တဲ့ဟာ‌မို့လို့ ဝယ်ပေးချင်တာ
အမှတ်တရဖြစ်သွားတာပေါ့ "

"Kadae....ဒါဆို....!!
ထင်းရှူးသားနဲ့ လုပ်ထားတဲ့ ဂစ်တာလေးရွေးလိုက္မယ်
ထင်းရှူးသားနဲ့ လုပ်ထားတဲ့ ဂစ်တာက
အသံထွက်အရမ်းကောင်းတယ်တဲ့"

"ဟုတ်လား ငါက ဂစ်တာအကြောင်းသိပ်နားမလည်တော့
မသိဘူး...နင်အကြိုက်ဆုံးဟာရွေးလိုက်လေ"

"နင်ရွေးပေးလေ ဘယ်အရောင်ယူရမလဲ
ခုနက စမ်းပြီးတီးကြည့်တာ
ဒီသုံးခုက အသံထွက်အရမ်းကောင်းတယ် "

အဖြူ အညို အနက် သုံးခုကို လက်ညှိုးထိုးပြနေတာကြောင့်

"အနက်ရောင်လေးဆိုရင်ရော...."

Chaeng....မိမိနှင့်အနီးဆုံးဖြစ်သည့်
အညိုလေးကိုကိုင်ကြည့်လိုက်ပြီး

"ဒီအညိုလေးလဲမဆိုးဘူး"

Lisa မျက်ခုံးတစ်ချက်ပင့်ရင်း

"အဲ့ဒါများ ဘာလို့ငါ့ကိုရွေးခိုင်းနေသေးလဲ
အဲ့အညိုပဲယူလိုက်လေ"

GASHINA (Completed )Kde žijí příběhy. Začni objevovat